Part(18)

623 76 7
                                    

လူတွေအများကြီးရှိတဲ့အရပ်မှာ ငါ့ကိုမထားခဲ့ပါနဲ့
ငါ့ကိုအပေါ်ယံပူနွေးမှုမျိုးပဲပေးမှာ ငါကြောက်တယ်
နင်မရှိရင်အိပ်မက်အနက်ကြီးတွေထဲ ငါပြုတ်ကျမှာ ငါငိုမှာ
မျက်ရည်ရှော့ခ်နဲ့ဦးနှောက်ကို ရိုက်ပစ်မှာ ။

#မောနွေ

လက်ဖျံရိုးကျိုး၊ ပွန်းပဲ့ရှနာနဲ့ သူဆေးရုံတက်နေရတဲ့ ကာလအတွင်းမှာလည်း သူတစ်ချိန်လုံး သတိရမိတာ Hyung ကိုပါပဲ။ ဒီမြင်ကွင်းမှာ သူက အပြစ်ရှိသူလို။ သူကြောင့်၊ သူ့ကို ကာကွယ်ဖို့အတွက် ထိခိုက်ခဲ့ရတာ မဟုတ်လား။

ရက်သတ္တပတ်ကြာတဲ့အထိ သတိရမလာခဲ့ပါဘူး။
ဆိုးလ်ကဆေးရုံမှာ ခွဲစိတ်မှု တစ်ခုလုပ်ရတယ်။
မတော်တဆမှုအတွက် အမှုဖွင့်ရတယ်။
Hyung ဟာ အသက်ကို အသည်းအသန် လုရချိန်တွေ။

အပြင်းအထန်ထိခိုက်ခဲ့တဲ့ ဦးခေါင်း ခွဲစိပ်မှုအတွက် ဒီနိုင်ငံထက် ပိုစိတ်ချရတဲ့နေရာ၊ ပိုလုံလောက်တဲ့ငွေကြေး သူ့မှာ၊ သူ့ပတ်ဝန်းကျင်မှာ မရှိပါဘူး။

သူလုပ်နိုင်တာ Hyung လက်ကို ဆုပ်ကိုင်ထားရုံ၊ ယူကြုံးမရ ငိုကြွေးမိရုံပါပဲ။
ဆေးရုံကြမ်းပြင်ကို နင်းလျှောက်လာတဲ့ အစောင့်အရှောက်ပေါင်းများစွာနဲ့ ဒေါက်ဖိနပ်သံဟာ သူ့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ရတယ်။
လိုက်လျောမိခဲ့၊ ညှိယူမိခဲ့တဲ့အရာတွေအတွက် Hyung သာသိရင် စိတ်အနာကြီး နာမှာပဲပေါ့။

မခွဲအတူဆိုတဲ့ ကတိကို ကျနော် မတည်နိုင်ခဲ့ပါဘူး။

မဆုံးရှုံးရဖို့အတွက် စွန့်လွှတ်ရမှဖြစ်မယ်ဆိုတဲ့ အနေအထား တစ်ခုကလည်း ရှိနေသေးတာပေါ့။

ငယ်ငယ်ကတည်းက အဖေ ရိုက်တာ အများကြီး ခံခဲ့ရဖူးပါတယ်။
လောကဓံ ရိုက်တဲ့အခါ အများကြီး ပိုနာရတာပါပဲ။

ငွေကြေးဟာ ဒုတိယ ဘုရားသခင်ပဲ။
ချစ်ရသူကို နာကျင်စေခဲ့ပြီးပြီ။
ဆုံးရှုံးသွားရဖို့မှ မဖြစ်ဘဲ။

Hyung က အကွာအဝေး များလွန်းတဲ့ ကြယ်။
မထိုက်တန်တဲ့ အလင်း။

အချစ်ကလွဲရင် ဘာတစ်ခုမှ မလိုချင်တော့လောက်အောင် အတူတွယ်ဆက်ထားချင်တာ။
အတူရှိရင် ဘာမဆို ရင်ဆိုင်ရဲပြီ ထင်ခဲ့တာ။
ပတ်ဝန်းကျင်အားလုံးကို ဆန့်ကျင်ဖို့၊ ပစ်ပယ်ဖို့အထိ ကျနော်တို့ အတူ တွေးထားခဲ့ကြတာပဲ။

Behind The Sense (zawgyi+uni) completed Tempat cerita menjadi hidup. Temukan sekarang