Part(22)

563 55 4
                                    

အထွေအထူးမဟုတ်ပါ
အဆင်မပြေမှုများနဲ့ နေသားကျကြောင်း
သတင်းစကားပို့ရုံပါ

ရှင်ပြန်မချစ်လည်း ရပါတယ်
ကျွန်မက စ မမုန်းပဲ
ရှင် မမုန်းသေးရင်
ဒီမိန်းမက ဆယ်ကမ္ဘာ ချစ်နိုင်စွမ်းသေးတာ...

#မြကျေး
ရည်းစားစာ စာအိတ်အမှတ် (၅)

နှုတ်ခမ်းဆိုးဆေး အရဲ
နောက်ဆုံးပေါ် branded အိတ်ကို ပခုံးပေါ်တင်ထားပြီး အရောင်တောက်တောက် ခပ်လန်းလန်း အဝတ်အစားနဲ့ အမျိုးသမီးကလေး ခြောက်လက်မမြင့်တဲ့ ‌အသိုင်းဖိနပ်ကို ဝတ်ဖို့ အတော်ကလေး အလုပ်ရှုပ်နေတယ်။

သူ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု။
သူ့ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ပြီး ဖိနပ်ကြိုးတွေကို ချည်ပေးနေတာ သူချစ်တဲ့ ထယ်တဲ့။
အဲ့ မျက်လုံးတွေက ဟန်ဆောင်နေတာ မဟုတ်ဘူး။

"ကိုယ်တို့ အပြင်သွားကြမလား
ထူးထွေပြီး သွားစရာမရှိရင်"

ဘာပြောရမလဲ မသိဘူး။ လက်ထပ်ပြီးကတည်းက စကားအကောင်းပြောနိုင်တဲ့နေ့ သူတို့မှာ မရှိခဲ့ဘူးလေ။
တစ်ယောက်နဲ့တစ်ယောက်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ခဲ့ကြတာ။

"ဟုတ်"

"အပြင်မှာ အေးတယ်
စကတ်အစား အခြားဟာ ပြောင်းဝတ်ပါ့လား"

အားလုံးဆီက အချစ်ခံလေးဟာ အနိုင်ယူ၊ ဗိုလ်ကျတတ်ပါတယ်။ သူ့ဘဝ တစ်လျှောက်လုံး အချစ်ဆုံး ယောက်ျားဟာ တစ်ခါမှ ဂရုမစိုက်၊ လျစ်လျူရှူခဲ့တာတွေအတွက် သူ ပိုဆိုးသွမ်းလာရတယ်။
မချစ်မှန်းသိပါတယ်။
မချစ်ဖူးမှန်း၊ မချစ်နိုင်တော့မှန်း သိပါတယ်။
နည်းနည်းကလေး ကြင်နာစေချင်တာပါ။

ပျော်တယ်။
ကင်ထယ်ယောင်းလက်ကို ချိတ်ထားရတာ ပျော်တယ်။
သူ့မျက်နှာကို မြင်နေရချင်တယ်။

"ဘယ်ကိုလဲ"

"အရုပ်ကောက်ပေးမလို့

ဟယ်ဂျင်း ဘာလိုချင်လဲ"

"ဝက်ဝံရုပ်ကလေး"

ဟုတ်တယ်။ ဒီ့လူကိုယ်စား အားလုံး ယူငင် သွားနိုင်ရမယ်။

Behind The Sense (zawgyi+uni) completed Où les histoires vivent. Découvrez maintenant