Part(8)

1.2K 119 10
                                    

နောင်မှ နောင်တရစေတဲ့
တရစပ်စကားတွေ

တလိပ်ပြီးတလိပ် ညှိမိတဲ့
ပြာကျ စီးကရက်တွေ

ရှိုက်တမက်မက် နမ်းချင်မိတဲ့
ထူထဲနှုတ်ခမ်းတွေ

ကတိကဝတ်တခုတော့ မဖြစ်ဘူးပေါ့
မငိုပါနဲ့

#အိုင်ဒီး (Aidii)

အနည်းငယ် လေးလံတဲ့ စိတ်တစ်ခုကို ပစ်ချကြည့်တော့ ကြည်တဲ့ကောင်းကင်ကို မြင်ရတယ်။ မနေ့ညက ယောင်နေတဲ့ခြေထောက်ဟာ အလုံးစုံ သက်သာတာတော့မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျောင်းနားရမှာပဲ မဟုတ်လား။ မနေ့ညကအကြောင်းတွေးတော့ နည်းနည်းတော့ ပြုံးမိသလိုပဲ။ ဟိုလူကြီးက ချစ်ဖို့ကောင်းလိုက်တာ ဟီ။

်

"ကားဆရာ ဦးလေးကြီး
ရှေ့မှတ်တိုင် ဆင်းမယ်"

Yoongi လှမ်းအော်လိုက်တယ်။ ငါ ဘယ်လိုတောင် မေ့တတ်တာပါလိမ့်။ မနေ့က ဟိုကောင်လေး ခြေဆစ်ယောင်ပြီး လမ်းမှ မလျှောက်နိုင်တာ။ မနက်စာလေး ဘာလေးမှ ပြင်မပေးခဲ့ရဘူး။ ပြောရရင် ဒီကောင်လေးတစ်ယောက်တည်း နေတာ သနားဖို့ ကောင်းတယ်။

"Hyung ကလည်း ကျောင်းမှ မရောက်သေးတာ
ဒီနေ့ လက်ချာ အရေးကြီးတယ်နော်"

"ခဏလေး အိမ်မှာ လုပ်စရာ ကျန်ခဲ့လို့။
အမီပြန်ခဲ့မယ်"

NamJoon ရဲ့ စကားကို ဖြေပြီး ကားပေါ်ကနေ ပြေးဆင်းလာခဲ့တယ်။ နောက်ကားတစ်စီး လာတာကို စောင့်ရတယ်။ ဟိုကောင်လေး ဗိုက်ဆာနေရှာမှာပဲ။ အသင့်စားမုန့်အချို့ကိုဝယ်ပြီး ခေါင်မိုးထပ်ကို တက်ခဲ့လိုက်တယ်။

"ဝုန်း
ပတ်ဂျီမင်း ဒါဘာအချိုးလဲ"

"ကျနော့်မှာ ဘာမှမရှိဘူး"

"ဘာမှ မရှိရအောင် ဘာတွေ သုံးဖြုန်းနေလို့လဲ
အခုထုတ်ပေး"
"ဒီမှာ အိမ်ငှားထားတဲ့ ပိုက်ဆံတွေရော"

"အဖေ့ အကြွေးတွေ ဆပ်လိုက်ရတာပဲဗျာ"

"အမေက ဘယ်ပုန်းနေတာလဲ
မင်းလိုကောင်နဲ့ မပြောဘူး
အမေ့ကို ခေါ်ပေး"

Behind The Sense (zawgyi+uni) completed Where stories live. Discover now