"""" Dancing Floor""""အခန်းရှေ့က ဆိုင်းဘုတ်ကိုကြည့်ပီး ဆော့ဂျင်တယောက် ခြေလှမ်းတွေတုံဆိုင်းနေမိသည်...
အခန်းထဲမှာတော့ ထယ်ယောင်းနဲ့ ဂျောင်ကုတို့ပြေးပြီးဆော့ကစားနေကြသည်
ဟိုဆော့က ကစားနေတဲ့ အငယ်နှစ်ကောင်ကိုကြည့်ပီးတယောက်ထဲ အူတက်နေပြန်သည်
အခန်းရဲ့ထောင့်မှာတော့ ခပ်တည်တည်ထိုင်နေတဲ့ ယွန်းဂီကို မရီရီအောင်စနေတဲ့ ဂျီမင်းတယောက်
တခန်းလုံး ရီသံတွေ စကားသံတွေနဲ့ဆူညံနေသလိုပဲ အခန်းအပြင်က ဆော့ဂျင်ရင်ထဲလဲဗလောင်ဆူနေတာတော့အမှန်ပင်...
သူဒီအခန်းထဲလုံးဝမဝင်ချင်....
လွန်ခဲ့တဲ့ တပတ်က CEO Bang Sihyuk ရဲ့ meeting မလုပ်ခင် သူတို့အားလုံးစုပီးစကားပြောဖြစ်ခဲ့ကြသည်....
"ငါတို့သုံးယောက်က Rapအပိုင်းနဲ့သဘောကျလို့ဆိုပီးဒီကိုလာဖို့ကမ်းလှမ်းခံခဲ့ရတာပဲ မင်းတို့ရော ဘယ်လိုရောက်လာကြတာလဲ ပြောပြအုံး""
ဟိုဘီက စကားကိုစလိုက်တာနဲ့
"ကျတော်က ဒီမှာ Audition ဝင်တဲ့ သူငယ်ချင်းနောက်ကို အဖော်လိုက်လာပေးတာ...
ကျတော့်ဘာသာထိုင်နေတုန်း လူကြီးတယောက်ကလာခေါ်ပီး သီချင်းတပုဒ္ဆိုပြခိုင်းပီး အဆင်ပြေရင် လာခဲ့ပါဆိုပီးခေါ်လို့ရောက်လာတာ...အိမ်နဲ့လည်းနီးတော့အဆင်ပြေတယ်လေ"
ထယ်ယောင်းတယောက် သူ့ပုံစံအတိုင်းပြောချင်တာပြောပြီး ဟိုဘီ့အမေးကို ပြေေြဖလိုက်သည်..."ကျတော်က Super Star K မှာဝင်ပြိုင်ရင်း အရွေးမခံရလို့ပြန်လာတုန်း လိပ်စာကဒ်တေအပေးခံလိုက်ရတာ ဒါမဲ့ ကျတော်အရမ်းသဘောကျတဲ့ နမ်ဂျွန်းဟျောင်းက ဒီမှာရှိတယ်ဆိုလို့ လာခဲ့တာဒီကို"
"ကျတော့ကို ဂရုစိုက်ပေးပါအုံး"
ဂျောင်ကုက ကလေးပီပီကြောက်ကြောက်နဲ့ပြောပီး နမ်ဂျွန်းကိုထပြီး အရိုအသေတေပေးတော့သည်"ရပါတယ်ကွာ ငါတို့အတူတူအားလုံးကို ဂရုစိုက်ကြရမှာပဲဟာ"
"ဒါနဲ့ ဂျီမင်းကရော??"
"ကျတော်က ဒီက Audition မှာဝင်ပြိုင်ပြီးအရွေးခံခဲ့ရတာပါ"
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ