ယနေ့ည အနည်းငယ် ပူအိုက်သလိုခံစားနေရသည်....
BigHit Ent ရဲ့ တခုတည်းသော ဝရန်တာကျဉ်းကျဉ်းလေးထဲ ထွက်ထိုင်နေတဲ့ Yoongi....
ကောင်းကင်ကြီးကိုမေ့ကြည့်တော့ သူ့အနာဂတ်လိုမှောင်မည်းနေသည်...
အချိန်ပိုင်းအလုပ်ပြေးလုပ်လိုက် Training တွေမနားတမ်းလုပ်လိုက် ဝါသနာပါရာသီချင်းလေးတွေကို အချိန်လုပီးရေးလိုက်နဲ့ တနေ့တနေ့အားလပ်ချိန်ဆိုတာမသိတဲ့ Min Yoongi...
ဒါတွေကိုစိတ်ဓာတ်ကျနေလို့မဖြစ်ဘူး...
အဲ့လိုဖြစ်ခွင့်လည်းမရှိဘူး...မပြေလည်တဲ့မိသားစုကိုထောက်ပံ့ဖို့နဲ့ ဝါသနာပါရာကိုလုပ်ဖို့ဆိုတာက ဒီနည်းအပြင်မရှိတော့....
ဒါပေမဲ့ ဝါသနာပါရာကိုလုပ်ဖို့ကရော အောင်မြင်နိုင်ပါ့မလား???
Member တွေရီမောနေတဲ့အချိန် သူမရီနိုင်...သူများတွေထပ် ပူပန်စရာများတဲ့ဘဝသမားမို့ ပျော်ရွှင်မှုဆိုတာကိုပေးဖို့အချိန်မရှိ...
သိုဝှက်ထားရတဲ့ နာကျင်မှုတွေ ခံစားမှုတွေကြောင့် Yoongi ဆီမှာ ငိုဖို့မျက်ရည်ဆိုတာမရှိ....
တခါတလေ အော်ဟစ်ငိုလိုက်ချင်သည် သို့သော် အသံတွေက လည်ချောင်းဝမှာတင်ပျောက်ဆုံးခဲ့ရသည်ကများသည်....
"""ဟိတ်""""
အသံနှင့်အတူ ပခုံးပေါ်ကိုရောက်လာတဲ့လက်တစုံ....
လက်လေးတွေကိုသေချာကြည့်လိုက်တော့ မွေးကင်းစကလေးလေးလို ဖြူအုပီး ဖောင်းဖောင်းလေးဖစ်နေတဲ့လက်ကလေး
သေချာပီ ဒါဆို "Jimin" ပဲ....
"ဟျောင်း ဘာတွေဒီလောက်စဉ်းစားနေတာလဲ?"
ပါးစပ်ကလည်းပြော လက်ကလည်း ရှေ့သွားတွေနဲ့ လက်သည်းတွေမရှိလောက်အောင်ကိုက်နေတဲ့ Yoongi ရဲ့လက်ကိုဆောင့်ဆွဲလိုက်သည်..."အမလေးးးး ကြည့်ပါအုံး လက်တခုလုံးရစရာမရှိအောင်ကိုက်ထားလိုက်တာ..."
"ဒီလောက်သွေးတေထွက်နေတာတောင် ဆက်ကိုက်နေတုန်းပဲ...သူများတွေသာ အာ့လိုလုပ်ကြည့် ပြောလိုက်မဲ့အမျိုး"
YOU ARE READING
Sad Life
FanficReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ