ပြတင်းပေါက်ကနေ စူးခနဲဝင်လာတဲ့နေရောင်ခြည်ကြောင့် မျက်စိအတင်းမှိတ်ထားသော်လည်း အလင်းရောင်ကိုခံစားနေရ၍ ဂျောင်ကုတယောက်နိုးလာခဲ့သည်။
ဒီရက်ပိုင်းအတွင်း Debut ခါစအချိန်လည်းဖြစ်ပီး Schedule တွေအပြည့်ဖစ်နေသလို ပြသနာလေးတွေလည်းရှိခဲ့ကြတာကြောင့် လိုတာထပ်ပို၍ ပင်ပန်းရသောနေ့ရက်တွေဖြစ်ခဲ့သည်။
ဒီနေ့...
ဟုတ်တယ် ဒီနေ့ကတော့ ရှားပါးတဲ့ အားလပ်ချိန် နေ့တဝက်ရသောနေ့ထူးနေ့မြတ်လေး...
အကိုတွေရဲ့ နွေးထွေးယုယမှုများကြားတွင်သာအလိုလိုက်ခံထားရ၍ ဂျောင်ကုတယောက် အားနာနေရသည်....
ဒီနေ့အတွက် မနက်စာနှင့် နေ့လည်စာအတွက် တာဝန်ယူချက်ပြုတ်ပေးမည်ဟု တွေးကာ မျက်နှာသစ် သန့်ရှင်းရေးလုပ်ခါ အပြင်သို့ထွက်လာလိုက်သည်။
သူ့ထပ်အရင် မီးဖိုခန်းအတွင်းရောက်နေသည်က Taehyung...
"Hyung ဘာလုပ်နေတာလဲ???"
"မနက်စာလုပ်ပေးမလို့ ဂျင်ဟျောင်းလည်းမနေ့ကပင်ပန်းလာတော့ ထချက်နိုင်မှာမဟုတ်ဘူးလေ ငါတို့ကအမြဲသူလုပ်ပေးတာတေပဲစားနေခဲ့ကြတာ ဒီတခါတော့ ငါတို့ပြုစုရမယ့်အချိန်ပဲ"
"ကျတော်လည်း အဲ့လိုတွေးမိပီးချက်ဖို့ စောစောထလာတာပါနော်"
"အေးပါ တူတူချက်ကြတာပေါ့"
"အကိုက ဘာချက်တတ်လို့လဲ?"
"ထူးထူးဆန်းဆန်းတေတော့ မချက်တတ်ပေမဲ့ ကြက်ဥတော့ကျော်တတ်ပါတယ်ကွာ"
"ဒါဆို ကျတော် ကင်ချီဟင်းရည်ချက်လိုက်မယ် ထမင်းအိုးပါတည်လိုက်မယ်"
"Ok စကြရအောင် JK""""
Taehyung ရဲ့ JK လို့ အော်လိုက်တဲ့အသံက တခြားသူတွေအတွက်မထူးခြားပေမဲ့ ဂျောင်ကုအတွက်တော့ အရူးတယောက်လိုပြုံးနေမိစေတဲ့ အသံတခု...
"ဟေ့ရောင် JK ဘာတေပြုံးနေတာလဲ"
"ဘားမှမဟုတ်ဘူး အကို ကြက်ဥကြော်စရာရှိတာသာကြော်ပါ"
"အေးပါ မင်းထပ်ငါကြီးတယ် သိတယ် လျှာမရှည်နဲ့"
အလုပ်လုပ်တာကနည်းနည်း ရန်ထောင်နေတာကများများမို့ ဆူညံသံတွေက အိပ်ခန်းထဲထိကြားနေရသည်။
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ