အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်မှာ ရက် မှ လ , လ မှ နှစ် သို့ ပြောင်းလဲလာခဲ့သည်။
အချိန်တွေပြောင်းလဲလာခဲ့ပေမယ့် မပြောင်းလဲခဲ့သည်မှာ သူတို့ ခုနှစ်ယောက်....
ဟိုးအရင် Training ကာလတွေတုန်းကလိုပဲ ရန်တွေဖြစ် ပြသနာတွေတက် ငိုခဲ့ ရယ်ခဲ့ရတဲ့နေ့ရက်တွေကတော့ ဘယ်တော့မှ မပြောင်းလဲခဲ့....
ထို့အတူပဲ ရင်တွင်းခံစားချက်တွေဟာလဲ မပြောင်းလဲခဲ့....
တခုပဲ....
ဟုတ်တယ် တခုပဲပြောင်းလဲခဲ့ပါတယ်....
သူတို့အကုန် အရင်ကထပ် အဆပေါင်းများစွာ ရင့်ကျက်လာခဲ့ကြတယ်....
ခံစားချက်မှန်သမျှ အကုန် မျက်နှာပေါ်မှာပေါ်နေတတ်တဲ့အရွယ်ကနေ ပျော်နေတာလား ဝမ်းနည်းနေတာလားဆိုတာ တယောက်နဲ့တယောက် မခန့်မှန်းနိုင်တော့လောက်အောင် ဟန်ဆောင်ကောင်းတဲ့ အရွယ်ရောက်လာခဲ့ကြပီမလား....
တကယ်တော့ ရင့်ကျက်တယ် ဆိုတာ ဟန်ဆောင်ကောင်းလာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ...
အရမ်းနာကျင်နေတောင် ဝမ်းနည်းနေတောင် တခြားသူမသိအောင် ဟန်ဆောင်ပြုံးနေတာကို ရင့်ကျက်တယ်ဆိုတဲ့ စကားလုံးအဖြစ် နားထောင်ကောင်းအောင် ပြောကြတာပဲမဟုတ်လား....
နမ်ဂျွန်းတယောက် စာအုပ်ထဲက ရင့်ကျက်ခြင်းအကြောင်းကိုဖတ်ပြီး တချက်ပြုံးလိုက်မိသည်။
ဟုတ်တယ် သူအခု အရမ်းရင့်ကျက်နေပီ တခြားသူတွေထပ်ပိုတဲ့ ရင့်ကျက်ခြင်းတွေနဲ့ပေါ့...
ဒါပေမဲ့ တစုံတယောက်ကတော့ ရင့်ကျင်ခြင်းဆိုတာကို သူ့လောက် ပိုင်ပိုင်နိုင်နိုင်မရှိခဲ့....
Company ရော သူတို့အဖွဲ့ရော တနေ့တခြားအောင်မြင်လာတာမို့ အရင်လို စုမအိပ်ဖြစ်တော့ ....
တယောက် တခန်းဖြင့် ကြီးမားသော Dorm ကြီးမှာ Luxury ဆန်ဆန်နေကြရသည်။
ညဘက် မီးမှိတ်ပြီးမှ အိပ်တတ်သော နမ်ဂျွန်းရဲ့အခန်းကို အမြဲခိုးလာ တံခါးကိုဟတယ်ဆိုရုံလေးဖွင့်ပြီး လက်ကောက်ကောက်လေးတွေနဲ့ အခန်းရဲ့ အပူချိန်ကို အမြဲလာလာညှိပေးတတ်တဲ့ Hyung တယောက်ကြောင့် နမ်ဂျွန်းရဲ့ ရင့်ကျက်ခြင်းတွေက တခါတလေ လျော့ကျသွားတတ်သည်။
YOU ARE READING
Sad Life
FanficReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ