ဂျီမင် ထွက်သွားပြီးေနာက် အခန်းထဲကျန်ခဲ့တဲ့အငယ် နှစ်ကောင်ကတော့ အရင်ထဲက လက်တည့်စမ်းချင်နေကြသည့် အရက် လေးပုလင်းကို အငမ်းမရ အမြည်းအစား ဘာမစားနဲ့ သောက်နေကြသည်။
"အားးး JK ရာ .... ခါးလိုက်တာ ပူလည်း ပူတယ် အများကြီးမသောက်နိုင်တော့ဘူး"
"အကိုကလည်း ယောကျာ်းလေးဆိုတာ ဒါမျိုးသောက်နိုင်မှ သတ္တိရှိတယ် ရဲရင့်တယ်ေခါ်တယ် အကိုရ"
"ဟင် ဟုတ်လား မင်းဘယ်သူပြောလဲ?"
"ယွန်းဂီဟျောင်းတို့ ပြောတာကြားဖူးတာပဲ"
"ဟုတ်လား အာ့ဆိုရင် ငါဆက်သောက်မှဖြစ်မယ် ... မဟုတ်ရင် တချို့တွေက ငါ့ကို သတ္တိမရှိတဲ့ကောင်လို့ နောက်ကွယ်ရာမှာလှောင်နေအုံးမယ်"
တေးတေးတယောက် JK ကို နည်းနည်းစောင်းပြောပြီး တခွက်ပီး တခွက်သာမော့သောက်နေသည်။
"ဟျောင်း... ကျတော့်ကို စိတ်ဆိုးနေသေးလား ဟိုတခါကိစ္စကြောင့်..."
"ဘာကိုလည်း ငါမှတ်တောင် မမှတ်မိတော့ဘူး ပြောပါအုံး"
တေးတေး JK ဆီက ဖြေရှင်းချက်ကို လိုချင်၍ မသိသလိုဟန်ဆောင်ကာ စကားကို အစ်ထုတ်နေမိသည်။
"ဟျောင်း ကလည်း ဖုန်းထဲက ကောင်မလေးပုံလေ?"
"ဪ အာ့လား? မဆိုးပါဘူး... ဆိုးစရာမှမလိုတာ ငါနဲ့လည်းမဆိုင်ဘူးလေ"
မဆိုးဘူးဆိုပြီး နှုတ်ခမ်းကိုထော်ကာပြောနေသော တေးတေးကြောင့် JK ပြုံးမိသည်
"ကျတော် သူနဲ့ ပျက်သွားပီ... မနေ့ကပဲ ဖျက်လိုက်တာ... သူကကျတော့ကို တမင်အသုံးချနေတာ...ပြီးတော့ ကျတော်လည်း သူ့ကိုမချစ်ဘူး"
"ဟင် ပျက်သွားပီလား ... မင်းတို့ဟာကလည်း မြန်လိုက်ကြတာ"
ပြောမယ့်သာပြောတာ ဒီစကားက တေးတေးစိတ်ကိုပျော်ရွှင်စေသည်။
သူပျော်လွန်း၍ ခါးပါတယ် ဆိုတဲ့အရက်တွေကို ခွက်ထဲတောင် ထည့်မသောက်တော့ပဲ ပုလင်းလိုက်မော့နေမိသည်...
ပါးစပ်ထဲတွင်လည်း တဖြည်းဖြည်းချိုလာသည်လို့ ခံစားရသည်..
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ