တီ တီ.....
အအိပ်ဆတ်တဲ့နမ်ဂျွန်း ဖုန်းရဲ့ မက်ဆေ့သံကြောင့်နိုးလာခဲ့သည်။
"""ကလေးတွေအကုန်ခေါ်ပီး Meeting room ထဲလာခဲ့ပါ""""
Bang PD ဆီက တိုတိုပြတ်ပြတ် မက်ဆေ့ကြောင့် ဘာများဖြစ်ပီလဲဟုတွေးကာ မန်ဘာ group chat ထဲ မက်ဆေ့ပို့ပီး အပြေးလေးရေချိုးရတော့သည်။
Group Chat ထဲက နမ်ဂျွန်းရဲ့ မက်ဆေ့ကြောင့် ကျန်သူများလည်း ကရောသောပါး အိပ်ယာကထ ခြေလက်ဆေးပြီး Meeting Room သို့ပြေးကြရသည်။
သူတို့ အကုန် Meeting Room ရှေ့စုမိတော့ ...
"နမ်ဂျွန်း ဘာတွေဖြစ်လို့လဲ""ကျတော်လည်းမသိဘူး ဟျောင်း ရင်တွေပူနေတယ်"
"ဝင်ကြတော့မလား???"
"ခနလေး ဟိုဘီဟျောင်း ဂျောင်ကုမလာသေးဘူး"
ထယ်ယောင်းရဲ့ စကားကြားမှ နမ်ဂျွန်း သေချာကြည့်မိတော့ ခြောက်ယောက်ထဲ....
"ဟာ ဒီကောင် မက်ဆေ့မမြင်သေးတာလားကွာ ဘာတွေလုပ်နေလို့လဲ"
"လာနေပီတဲ့ မက်ဆေ့ပြန်ပို့တယ် ဟျောင်း ဝင်နှင့်မလား???"
"အေး ဝင်နှင့်မယ် တော်ကြာ အကြာကြီးစောင့်နေရလို့ ပိုဒေါသဖြစ်နေလိမ့်မယ် မင်းတို့စောင့်ချင်စောင့် ငါတော့ဝင်ပီ"
ပြောပြောဆိုဆိုနှင့် တံခါးကို အကျယ်ကြီးဖွင့်ပြီး ဝင်သွားသော Suga ဟျောင်းကြောင့် နမ်ဂျွန်းတို့ပါ ဝင်ခဲ့ကြရသည်။
"မဂ်လာပါ ... မဂ်လာပါခဗျာ"
"ဟော လာကြပီ ... လာလာ ထိုင်ကြ အကုန်စုံတယ်မလား ငါဒီမှာ မင်းတို့နဲ့ မိတ်ဆတ်ပေးမလို့"
"Bang PD ဂျောင်ကုကျန်သေးတယ် သူလာေတာ့လာနေပါပီ အကလေ့ကျင့်ရင်းတန်းလန်းကြီးမို့"
"ဟုတ်လား အဲ့ဒါဆို မိတ်ဆက်ရင်းစောင့်ကြတာပေါ့....ဒါက SBS က PD နဲ့ ဇာတ်ညွှန်း ဆရာမပဲ...ငယ်ပေမဲ့ အရမ်းတော်တယ်"
"ဟုတ် မဂ်လာပါဗျာ ....ကျတော်က PD ရှင်းအီချန်းပါခဗျာ.....တွေ့ရတာဝမ်းသာပါတယ် ခုလိုလက်ခံပေးလို့လည်းကျေးဇူးပါ"
"ထယ်ယောင်းနဲ့လည်းတွေ့ချင်နေခဲ့တာ ငျောင်းပီးထဲက မဆက်သွယ်ဖြစ်လို့"

YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ