Taehyung....BigHit ကိုစရောက်လာတည်းက ပေါတောတောနဲ့ပျော်ပျော်နေတတ်တဲ့ကလေးမို့ အကိုတွေကချစ်ကြသော်လည်း တချို့Staffတွေကတော့ သိပ်မကြည်ချင်ကြ
ဘယ်ကြည်မလဲ!!
Taehyung မိဘတွေက လယ်လုပ်တဲ့သူတွေကိုး...
သူတို့တွေကအဲ့လိုလယ်လုပ်တဲ့ လယ်သမားတွေဆို သိပ်အထင်သေး သိပ်နှိမ်ချင်ကြတာ....
ဒါကိုသိတဲ့ Taehyung အမေကလည်း သူ့သားလေး မျက်နှာမငယ်ရလေအောင် လာတွေ့တဲ့အခါတိုင်း မရှိ ရှိတဲ့ကြားက တကယ့်ဈေးကြီးပေ့ဆိုတဲ့ Brand တွေဝယ်ဝယ်လာပေးတတ်သည်မို့ နည်းနည်းတော့ရှိန်ကြသည်
Taehyung ကပေါတောတောနေပေမဲ့ သူ့ပုံက သူ့ဝမ်းနည်းမှုတွေကို သူများမမြင်နိုင်အောင် ဖုံးကွယ်ထားသလိုမျိုး....
သိပ် သရုပ်ဆောင်တော်တဲ့ Taehyung ....
သိပ်ကို အဆော့သန်တဲ့ Taehyung....
အဲ့ Taehyung ဆိုတဲ့ကောင်လေးက Jungkook ရှေ့ရောက်ရင်တော့ သူမဟုတ်တော့သလိုမျိုး...
အလိုလိုစိတ်ပျော့ပီး သူ့ထပ် နှစ်နှစ်ငယ်တဲ့ ကလေးကို ပြန်ချွဲပြီး အားကိုးနေတတ်ပြန်သည်....
"Jungkook yrr... ဟျောင်းကို ဒီမုန့်ထုတ်လေးဖောက်ပေးပါအုံး"
"Jungkook yrr... ဒါလေးယူပေးပါအုံး ဟျောင်းမမှီလို့"
"Jungkook yrr.. Jungkook yr... "..."....."....."
တနေကုန် Jungkook ဆိုတဲ့ နာမည်ကို ပါးစပ်ကမချ....
Jungkook....
သူကလည်း စရောက်တုန်းကသာ ကလေးလိုကြောက်နေတာ Taehyung နဲ့ ဆိုရင်တော့ သူက အကိုလိုမျိုးနေတတ်တဲ့ကောင်လေးတယောက်...
ဘယ်သွားသွား တပူးပူးတတွဲတွဲ နှစ်ယောက်သား..
တခုရှိတာက jungkook ကအဆိုတော်သာဖစ်ချင်တာ လူအများရှေ့သီချင်းဆိုဖို့ ခုထိရှက်တုန်း
ဒါမဲ့ သူမရှက်တဲ့သူတယောက်ရှိတယ်
သူက Taehyung....
Taehyung နဲ့ဆို သူ့စိတ်ကအလိုလိုပျော်နေတတ်တယ်....
Taehyung ကိုပဲ သူ သီးသန့်သီချင်းတွေဆိုပြလေ့ရှိတယ်
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ