Debut ရက်နီးလာလေ လေ့ကျင့်မှုတွေပိုပြင်းထန်လေဖြစ်၍ နားချိန်ဆိုသည်မှာမရှိပေ။စတင်မည့်နေ့တွင် အမှားပါပါက တသက်လုံးနာမည်တွင်သွားလိမ့်မည်။
မိသားစု သူငယ်ချင်း အပျော်အပါး အကုန်လုံးကို အဆက်ဖျက်ကာ လေ့ကျင့်နေကြရသဖြင့် စိတ်ရော ကိုယ်ရော လိုတာထပ်ပိုပင်ပန်းရသည်။
"တီ တီ တီ" "တီ တီ တီ"
"တီ တီ တီ"
အဆက်မပြတ်ခေါ်နေတဲ့ဖုန်း..
"ယွန်းဂီ ဟျောင်း ဖုန်းလာနေတယ် အမေတဲ့"
"Missed call 25 ခါတောင်ဝင်နေသေးတယ်"
ယူလာပေးတဲ့ ဟိုဘီ့လက်ထဲက ဖုန်းကို ဆွဲလုကာ အိမ်သာထဲ အပြေးတပိုင်းဝင်သွားလိုက်သည်။
သူ့ကို ဒီအလုပ်စလုပ်ထဲက အဆက်အသွယ်ဖျက်ခဲ့တဲ့ အမေ...
ခုချိန်ဘာမှလံုေလာက်ေအာင် မထောက်ပံ့နိုင်တဲ့မိမိအပေါ် အပြစ်တင်ယုံတင်မက မိမိဝါသနာကိုပါ ရှုံချခဲ့တဲ့ အမေ....
အခုမှ ဖုန်းတေဘာလို့ဆက်ရတာလဲ?
သေချာပါပီ...
Debut နီးလာလို့ အားပေးမို့ပဲဖြစ်မယ်...
Yoongi ဝမ်းသာအားရ ဖုန်းကိုင်လိုက်သည်။
"ဟဲလို"
"အမေလား?"
"သားးးး ယွန်းဂီ အမေ့ကိုကယ်ပါအုံး"
မထင်မှတ်ထားခဲ့တဲ့ တုန်ရင်နေသောအသံနဲ့အတူထွက်လာတဲ့ရှိုက်သံတွေကြားထဲက စကားလုံးတွေကို ယွန်းဂီအ့ံသြမှုေတွေကြာင့်သေချာမကြားရပေ။
"အမေ ဘာဖြစ်တာလဲ သေချာပြောလေ "
"ဪ အဖွားကြီး ခုမှ ကယ်ပါအုံးအော်နေတယ်ဟုတ်လား ...
ပိုက်ဆံချေးတုန်းကချေးထားပြီး ပြန်ဆပ်ခါနီးမှ မျက်ရည်လာကျပြမနေနဲ့...
ခုချက်ချင်းလာခဲ့ခိုင်းလိုက် အဲ့ သားဆိုတဲ့ကောင်ကို"
ယွန်းဂီ ကြားလိုက်ရသည်က အမေ့အသံမဟုတ်ပဲ ခက်ထန်တင်းမာမှုတွေရိုင်းစိုင်းမှုတွေပြည့်နှက်နေတဲ့လူတယောက်အသံ
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ