အတ္တ Show

175 22 0
                                    

____________13.6.2013____________________

ဒီနေ့က.......

ဟုတ်တယ် ....ဒီနေ့ကိုရောက်ဖို့ သူတို့တွေအကုန် နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့ရတာ...

မိသားစု သူငယ်ချင်း မိတ်‌ဆွေတွေနဲ့အကုန် အဆက်အသွယ်ဖျက်ပြီး မအိပ်မနေကြိုးစားလာခဲ့ရတာ....

တကယ်တမ်းဒီနေ့ဆိုတဲ့ သူတို့မျှော်နေတဲ့နေ့ကိုရောက်ပြန်တော့လည်း အချိန်တွေကို အမြန်ရစ်ပြစ်လိုက်ချင်ရဲ့....

မထင်ထားခဲ့မိတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ Stage အကျယ်ကြီးနဲ့ မီးရောင်စုံတွေကြားသူတို့တွေ အခုရောက်ရှိနေခဲ့ရပြီ

Stage နဲ့ အတန်ငယ်ဝေးကွာတဲ့ နေရာက နားနေခန်းလေးထဲကနေတောင် သီချင်းသံတွေ စီနီယာတွေရဲ့ဖျော်ဖြေမှုတွေ ပရိသတ်တွေရဲ့ အားပေးသံတွေက သူတို့ကို အံ့ဩမင်သက်စေသည်

သိပ်စကားများပါတယ်ဆိုတဲ့ ဟိုဘီတောင် မျက်လုံးအပြူးသားနဲ့ငြိမ်နေလေရဲ့...

ခေါင်းဆောင်တာဝန်ကိုယူထားရတဲ့ ကင်နမ်ဂျွန်းကတော့ စစ်ဆေးစရာရှိတာတွေအကုန်စစ်ဆေးပြီး ကြောက်ဒူးတုန်နေတဲ့ ဆော့ဂျင်နားမှာ အားပေးနေသည်

သိပ်ကိုအေးဆေးတည်ငြိမ်လေ့ရှိတဲ့ မင်ယွန်းဂီကလည်း ဖင်တကြွကြွနဲ့ အငြိမ်မနေနိုင်

ဂျီမင်ကတော့ ထုံးစံအတိုင်း ဘုရားစာတွေအဆက်မပြတ်ရွတ်ကာ မျက်လုံးကြီးမှိတ်နေလေရဲ့

အငယ်နှကောင် တေးတေးနဲ့ ဂျောင်ကုတို့ကတော့ ကလေးပီပီ စူးစမ်းလိုစိတ်ကြောင့် ဟိုသွားရှုပ်လိုက် ဒီသွားရှုပ်လိုက်နဲ့ လိုက်ဒုက္ခပေးနေတော့သည်။

"ကဲ ကဲ အားလုံးပဲ မကြောက်ကြနဲ့နော်... နောက် ဆယ့်ငါးမိနစ်နေရင် မင်းတို့အဖွဲ့အလှည့်ရောက်ပီ..
တတ်နိုင်သမျှ ပြုံးထားကြပါ...အမိုက်စားပိုစ့်တွေပေးဖို့လည်းမမေ့ပါနဲ့... တခုခုအမှားဖြစ်ခဲ့ရင်တောင် မျက်နှာမပျက်စေနဲ့...ကိုယ်လုပ်စရာရှိတာကို‌ဆက်လုပ်မယ်..ဒီနေ့ကစပြီး အောင်မြင်မှုတွေယူကြရအောင် FIGHTING BTS..."

"FIGHTING"....

Bang PD ရဲ့ အားပေးစကားကြောင့် စိတ်လှုပ်ရှားမှုတွေအနည်းငယ်သက်သာပြီး တက်ကြွသွားတာမို့ ဆော့ဂျင်တယောက် ခုမှပြုံးနေနိုင်တော့သည်။

Sad LifeWhere stories live. Discover now