ထယ်ယောင်းနှင့်ဂျောင်ကုတို့စကားများပြီး တယောက်နဲ့ တယောက်ရှောင်နေကြသည်မှာ တစ်ကုမ္ပဏီသတိထားမိလောက်အောင်ပင်ဖြစ်သည်။အရင်က အမြဲတမ်း စနောက် နေကြသောသူတွေမို့ပိုသိသာခဲ့သည်။
Bang PD ရဲ့ ဖုန်းလက်ခံရရှိပြီး နမ်းဂျွန်းနှင့် ဂျင် ရုံးခန်းသို့ တက်လာခဲ့လိုက်သည်။
"ငါတို့ကို ဘာတွေမေးမယ်ထင်လဲ? နမ်ဂျွန်း"
"အရင်ဆုံးတော့ အဆူခံရမယ်ထင်တယ် ဟျောင်း သူ့ကိုကြိုမပြောလို့ဆိုပြီး...."
ဒေါက်....ဒေါက်....ဒေါက်
မတိုးမကျယ် ခပ်နှေးနှေးတံခါးခေါက်သံကြောင့် နမ်ဂျွန်းတို့ဆိုတာ Bang PD သိလိုက်သည်။
"အင်းးးး ဝင်ခဲ့....."
"..........."
"ထိုင်နှင့်ကြ....."
"ဟုတ်....."
နှစ်ယောက်သား မျက်နှာဇီးစေ့လောက်နှင့် အဆူခံရမှာစိုးလို့ အပိုးကျိုးနေကြသည်။
ဆူချင်ပါသည် ရိုက်ပါရိုက်ချင်သည် သို့သော် တာဝန်အကြီးကြီးတွေထမ်းထားရတဲ့ သူတွေမို့ သူ့စိတ်ကိုလျှော့လိုက်ရသည်။
"ငါ ဘာပြောချင်လို့ခေါ်တယ်ဆိုတာ မင်းတို့ သိတယ်မလား???"
"ဟုတ် သိပါတယ်"
"မင်းတို့ ဘာလို့ ငါ့ကို Meeting ပီးပီးချင်းမပြောတာလဲ? အဲ့လိုဆိုတမျိုးပြောင်းစီစဉ်လို့ရတယ် ငါလည်း TXT Comeback အတွက် လုံးပန်းနေရတော့ သတိတချက်လွတ်သွားတာ....အမှန်ဆို မင်းတို့ဘာသာတောင် စီစဉ်လို့ရတယ် .... မင်းတို့တွေလည်း ဒါရိုက်တာတွေပဲလေ..."
"ဟုတ် သိပါတယ် Bang PD .... ဒါမဲ့ ဒီကိစ္စတွေကအားလုံးပီးသွားပီးတော့ ကြာလည်းကြာပီ... ဂျောင်ကုအနေနဲ့လည်း အလုပ်ကလွဲပီး ဘားမှ စိတ်မဝင်စားခဲ့တာ ကျတော်တို့အသိဆုံးမို့ပါ...ခုလည်း ဒီကိစ္စကို သူ့အနေနဲ့ အလုပ်တခုလိုပဲစဉ်းစားထားပါတယ်"
"ဟုတ်ပါတယ် Bang PD"
နမ်ဂျွန်းအပြောကို ဂျင်ကပါထောက်ခံသည်။"ကျတော်တို့ အနေနဲ့ Reality Show တွေထဲမပါဖြစ်တာ နှစ်နဲ့ချီနေပီဆိုတော့ အာမီတွေလည်း အသစ်အသစ်ခံစားရအောင် ဒီ Program ကိုလက်ခံချင်မိပါတယ်....ကလေးတွေလည်း အခုဆို ရင့်ကျက်နေပီမို့ ကျတော်တို့ ဘေးကနေ နည်းနည်းထိန်းပေးရုံနဲ့ အဆင်ပြေမယ်ထင်ပါတယ် Bang PD "
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ