............."ဘာ"..........
ယွန်းဂီရဲ့စကားအဆုံးမှာ နမ်ဂျွန်းတယောက် အံ့ဩမှုကြောင့်အသံတခုသာထွက်နိုင်ပြီးကြောင်နေမိသည်။
ခေါင်းထဲတွင်တော့ စိုးရိမ်မှုများစွာနဲ့ မေးခွန်းပေါင်းများစွာက အစီအရီ....
ယွန်းဂီကတော့ သူ့အပြစ်မကင်းသည်မို့ မရှိတော့သည့် ဆော့ဂျင်ပစ္စည်းတွေကို တွေ့လိုတွေ့ငြား နေရာပေါင်းစုံမှာရှာနေတော့သည်။
"နမ်ဂျွန်း ဒီကိစ္စကို Bang PD တို့မသိခင် ငါတို့ ဖြေရှင်းဖို့လိုတယ်နော်....နေ့လည်မှာက Training... ညနေကျရင်လည်း Schedule တွေရှိသေးတယ် တောက်လျှောက်...အဲ့မတိုင်ခင် ငါတို့ ဆော့ဂျင်ဟျောင်းကို ရှာတွေ့ဖို့လိုတယ်"
ဟိုဘီပြောမှ နမ်ဂျွန်းကြောင်နေရာကသတိပြန်ဝင်လာခဲ့သည်။
"အာ.....အင်း....ဟုတ်တယ် ငါတို့အရင်ရှာတွေ့မှဖြစ်မယ်"
"ဆော့ဂျင်ဟျောင်း ဖုန်းလည်းပိတ်ထားတယ်"
"ခေါင်မိုးထပ်မှာလည်းမရှိဘူး"
"ဂျင် ဟျောင်း အိမ်ကိုဖုန်းဆက်ကြည့်တော့လည်း ပြန်မလာဘူးတဲ့"
သူတို့သိပ်ချစ်တဲ့အကိုကို မတွေ့တော့ ဒီအငယ်သုံးကောင်လည်း မဆော့နိုင်တော့....
သူတို့နိုင်သလောက် လိုက်လံရှာဖွေနေကြသည်။
"တေးဟွန်းတို့ ဒီကိစ္စကို Bang PD တို့မသိစေနဲ့အုံး...လုံးဝရှာမတွေ့တော့မှပြောလိုက်မယ် အခုလောလောဆယ် သူရှိနိုင်လောက်မယ့်နေရာတွေကိုရှာကြည့်ရအောင်"
"ဟုတ် နမ်ဂျွန်းဟျောင်း"
"အာ့ဆိုကျတော်နဲ့ဂျောင်ကု မုန့်ဆိုင်တွေဘက်သွားရှာကြည့်လိုက်မယ်..လာ...ဂျောင်ကု သွားရအောင်"
တေးဟွန်းနှင့်ဂျောင်ကုလည်း သူတို့ အတူစားနေကြမုန့်ဆိုင်တွေဘက်ရှာဖို့ထွက်သွားကြသည်။
"ကျတော်နဲ့ ဂျီမင် ဆော့ဂျင် သူငယ်ချင်းတွေဆီလိုက်မေးကြည့်လိုက်အုံးမယ်...နေ့လည်မရောက်ခင် ဒီမှာပဲပြန်ဆုံကြမယ်နော်"
ဟိုဘီနဲ့ ဂျီမင်ကလည်း ဆော့ဂျင်ဟျောင်းကို ရှာဖို့ထွက်သွားကြသည်။
YOU ARE READING
Sad Life
FanficReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ