ဟိုးအရင်နေ့ရက်တွေတုန်းက ကျန်းမာရေးထပ် အောင်မြင်မှုကိုမျှော်လင့်မိသည်။
အခု အောင်မြင်လာတော့ ကျန်းမာရေးကိုပြန်လည်တောင့်တမိနေပြန်ရော...
လူ့အလို နတ်မလိုက်နိုင်ဆိုသောစကားသည် သိပ်မှန်သည်။
ပွဲဦးမထွက်ခင်ထဲက ကြိတ်ကုနေခဲ့သော ပခုံးဒဏ်ရာသည် ဆရာဝန်ထပ် အကိုက်အခဲပျောက်ဆေးတို့ဖြင့်သာ ပြီးနေခဲ့သည်မှာ နှစ်ချီခဲ့ပီ....
နာကျင်ချိန်တွင် သေလောက်အောင်ခံစားရသည်။
အိပ်ရာပေါ်တွင် မေ့မြောသွားရလောက်အောင် နာကျင်ခဲ့သည်မှာ အကြိမ်ကြိမ်...
သို့သော် ဘယ်သူ့ကိုမှ သူဖွင့်မပြောခဲ့....
သူ့ကြောင့် အခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာကိုမလိုလား....
အထူးသဖြင့် ဂျီမင်.....
ယွန်းဂီ မျက်နှာနည်းနည်းမှ မညိုးနွမ်းလိုက်နှင့် သူအလိုလိုဘေးနားရောက်နေပီးသား....
အေးစက်စက်နဲ့ ဒီလူနားကို သူမို့လို့အ
မြဲမညီးမညူ ရောက်လာတတ်သည်။အနားရောက်လာတိုင်းလည်း ဒီအေးစက်တုန်ရီနေတဲ့ လက်တွေကို သူအမြဲနွေးနွေးထွေးထွေး ဆုပ်ကိုင်ပေးတတ်သည်။
အဲ့အချိန်တိုင်း ကျတော့လက်တွေပိုအေးစက်ခဲ့သည်။ ပိုတုန်ရီခဲ့သည်။ တခါတလေ ဒူးပင်မခိုင်ချင်။
သို့သော် နဂိုထဲက အေးတိအေးစက်နေတတ်တာ ဟန်ဆောင်ကောင်းသူမို့ သူ့ခံစားချက်ဆိုတာ ဘယ်တော့မှ လူမရိပ်မိခဲ့.
သို့သော် သူသိနေသည် ထင်ပါသည် ကျတော်နာကျင်တဲ့အချိန်တိုင်း ကျတော်ဝမ်းနည်းနေတဲ့အချိန်တိုင်းကိုပေါ့....
နာကျင်လွန်းလို့ ချွေးစေးတွေနဲ့ မေ့မြောသွားသလို သတိမကပ်ခဲ့တဲ့ အချိန်တွေတိုင်း ဒီကောင်လေးက အမြဲတမ်းဘေးနားရှိနေခဲ့သည်။
မနက်နိုးထလာတိုင်း လဲဝတ်ပေးထားတဲ့အကျီ အသစ်ကပ်ပေးထားတဲ့ ဆေးပလာစတာလေးတွေ နေရာရွေ့နေတဲ့အကိုက်အခဲပျောက်ဆေးဘူးလေးတွေက သူ ကျတော့ဘေးနားရှိနေခဲ့ပါတယ်လို့ ပြောနေတတ်သည်။
YOU ARE READING
Sad Life
FanfictionReality လေးတွေကို နည်းနည်းကွန့်ပီးရေးပါမယ် BTS စဖြစ်တည်မှုကနေရေးမှာမို့ အပိုင်းရှည်ပါမယ် ဘယ်တော့ပီးမလဲမသိပါ 😁 Bias အစွဲရှိရင်လည်း သီးခံကြပါ