Unicode
Phoenix's lover💚3💚
"ရိပေါ်.... ပြင်ဆင်တော့ မင်းငါနဲ့ပြန်လိုက်ခဲ့ရမယ်...."
("ဒီလူက သဘာဝလွန်စွမ်းအားတွေ ရှိနေတယ်... သူပြောနေပုံက တကယ်ပဲငါ့ကိုခေါ်သွားမယ့်ပုံနဲ့... မဖြစ်သေးဘူး ငါနည်းလမ်းတစ်ခုတော့ ချသုံးရတော့မယ်")
"ဟဲဟဲ....."
ဝမ်ရိပေါ်က ရယ်လျက် ရှောင်ကျန့်ရှေ့ကဆိုဖာတွင် ပြေးထိုင်လိုက်သည်။ ပြီးနောက် ရှောင်ကျန့်ကိုရေခရားထဲက ရေတစ်ခွက်ငှဲ့ပေးကာ
"ကျွန်တော့်ကိုဘယ်ခေါ်သွားမှာလဲ..."
"ငါတို့နေခဲ့တဲ့နေရာပေါ့.... ""ခင်ဗျားက ကျွန်တော်တို့ကို ရွာကနေရွေ့ပြောင်းဖို့ ပြောတဲ့ကိုကိုလား.... တကယ်ပဲသူလား"
"ဟုတ်တယ်... ""အဟား.... အဲ့ဒီကိုကိုပေါ့ တကယ်တော့ ကျွန်တော်လည်းကိုယ့်ကိုကိုယ် ဝင်စားလာခဲ့သူမှန်း နည်းနည်းရိပ်မိတယ်... ဒါပေမယ့် ကျွန်တော့်အတိတ်ဘဝကို ကျွန်တော်ဘာမှမမှတ်မိဘူးလေ"
ဝမ်ရိပေါ်က လက်ဟန်တွေနဲ့ပြောပြရင်း ရှောင်ကျန့်ကိုကြည့်လိုက်သောအခါ ရှောင်ကျန့်က သူ့ကိုသာပြုံးကာကြည့်နေမှန်း သိလိုက်ရ၏။ အကြည့်ချင်းဆုံးတော့ မထိန်းနိုင်မသိမ်းနိုင် ရင်တွေခုန်လာပြန်သည်။
"မင်းရင်တွေခုန်နေတယ်မလား...."
ဝမ်ရိပေါ်ခေါင်းထဲ (?) တွေတန်းစီကာပေါ်လာတော့သည်။ ရှောင်ကျန့်က ဒဲ့တိုးကြီးနဲ့ တိတိကျကျ ပြောချလိုက်တော့ သူ့မှာပြောစရာစကားပင် ပျောက်ရှသွားရှာသည်။ အစကတည်းက ရှောင်ကျန့်က သူ့အတွက် ထူးဆန်းနေခဲ့တာ။
"မ မဟုတ်ပါဘူး "
"လိမ်နေတာ....ရိပေါ် ကောမင်းကိုလာခေါ်တာနော် ကောင်းပါပြီ ကောအတင်းအကျပ် မလုပ်တော့ဘူး.... ဒါပေမယ့် မင်းကိုဒီမှာ တစ်နှစ်နေခွင့်ပေးမယ် ""ဟင် တစ်နှစ်?"
ဝမ်ရိပေါ်က လက်ညှိုးတစ်ချောင်းထောင်ကာ ပြန်မေးလိုက်သည်။
"အင်း.... တစ်နှစ်ပြည့်ပြီးရင် မင်းစိတ်မပါသည်ဖြစ်စေ ပါသည်ဖြစ်စေ.... မင်းငါနဲ့လိုက်ကို လိုက်ရမယ် "
"အာ"
YOU ARE READING
Phoenix's lover (arc 3) Complete
FanfictionLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္