💚18💚

1.8K 222 23
                                    

Unicode
Phoenix's lover

                      💚18💚

       ထို့နောက် သူတို့နှစ်ယောက် ပတ်ဝန်းကျင်အနေအထားကို လေ့လာကြသည်။ မသိရင် ရောမမှော်ကားတွေထဲက တောတစ်နေရာကို ရောက်နေသလို ဖြစ်နေပြီး ပိုးစုန်းကြူးငယ်လေးများကလည်း နေရာအနှံ့မှာ ပျံသန်းနေကြ၏။

       ညအမှောင်ဟု ထင်ရသော်လည်း အရမ်းကြီးမှောင်နေတာမျိုး မဟုတ်ဘဲ သစ်ပင်တွေက စွမ်းအင်တွေကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ယခုထိ သူတို့လက်တွေက တွဲထားတုန်းပင်။ ဝမ်ရိပေါ်သည် ပတ်ဝန်းကျင်ကို ငေးနေမိရာမှ မိမိ၏လက်ကောက်ဝတ်က နွေးထွေးမှုကို ခံစားလိုက်ရတာကြောင့် အောက်ငုံ့ကြည့်လိုက်သောအခါ။

"ဟင်.... ကျန့်ကော အဲ့ဒါက ဘာလေးလဲ ဖူးစာကြိုးနီလား"

        ရှောင်ကျန့်က ပြုံး၍

"ငါတို့ကြားမှာ ဖူးစာကြိုးမလိုပါဘူး.... တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့က အဓိကပဲ ငါတို့အချစ်တွေသာ ခိုင်မြဲနေရင် ဘယ်သူမှလာမရှုပ်နိုင်ဘူး ရန်သူဆိုရင်တောင် လာရာလမ်းအတိုင်း လှည့်ပြန်ရမှာပဲ"

       ရှောင်ကျန့်၏နှုတ်ရေးကြွယ်မှုအောက် ဝမ်ရိပေါ်တစ်ယောက် တကယ်ကြီး ကျရှုံးသွားပါပြီ။ သူသည် သူ့နှလုံးသားလေး အမှန်တကယ် နှုတ်ယူခံလိုက်ရသလို သူ့ရင်ဘတ်သူဖိလျက် ဆိုလိုက်၏။

"အား...... ဒီနေရာက ကျန့်ကော ကျန့်ကောဆိုပြီး ခုန်နေပြီ ဘယ်လိုလုပ်မလဲ ကျွန်တော်ကျန့်ကောကြောင့် ရူးတော့မှာပဲ "

       ရှောင်ကျန့်က ပြုံးလျက်သာ ကြည့်နေသည်။ ဝမ်ရိပေါ်က သူတို့လက်ကောက်ဝတ်မှာ ချိတ်ဆက်ထားသော အဖြူရောင်ကြိုးမျှင်လေးကို ကြည့်ကာ တော်တော်လေး သဘောကျနေပုံပင်။

"ဒီလိုဆို ကျွန်တော်အမြဲ အတူတူပဲပေါ့နော်"
"အင်း.... ဒါကို ဖီးနစ်တွေရဲ့ချစ်ကြိုးမျှင်လို့ ခေါ်တာ ငါတို့ဒီထဲမှာ ဘာတွေကြုံတွေ့ရမလဲ မသိနိုင်ဘူး ဒီလိုချည်ထားတာက ငါမင်းကိုအမြဲဘေးမှာ ခေါ်ထားလို့ရတယ် "

       ဝမ်ရိပေါ်က သူ့ဆုပ်ကိုင်ထားလေတဲ့ လက်လေးကို ခပ်ဖွဖွလေး နမ်းလိုက်တော့ ရှောင်ကျန့်က သွားဖြူဖြူလေးတွေ ပေါ်တဲ့အထိ ရယ်ပစ်လိုက်သည်။ ဝမ်ရိပေါ်က သူ့ကြောင့်ရူးတော့မယ်လို့သာ ပြောနေတာ သူ့ကိုလည်း ရိပေါ်က နည်းအမျိုးမျိုးနဲ့ ချွေယူနေတာပဲ မဟုတ်ပါလား။

Phoenix's lover (arc 3) Complete Where stories live. Discover now