Unicode
Phoenix's lover💚8💚
ရှောင်ကျန့်သည်ရိပေါ်၏ ဆံပင်များကို သပ်ပေးရင်း
"မောသွားပြီလား"
"ကျွန်တော်နမ်းတာ မိနစ်သုံးဆယ်လောက် ကြာသွားတယ်မလား""အင်း...."
"ကျွန်တော်တစ်ခုထပ်ပြီး သတိရပြီ""ဘာသတိရတာလဲ"
"ဗိုက်ဆာတယ်"ဝမ်ရိပေါ်က နှုတ်ခမ်းကိုထော်ကာ ပြောလာတော့ ထိုနှုတ်ခမ်းလေး ထပ်အနမ်းခံလိုက်ရလေသည်။ ထို့နောက် သူတို့နှစ်ယောက်အတူ မီးဖိုချောင်ဘက်ကို လျှောက်လာခဲ့၏။ ထိုအချိန် အလိုက်သိသောမီးက ပြန်လာတာကြောင့် ဝမ်ရိပေါ်အတွက် ညစာချက်ပေးရန် ရှောင်ကျန့် တာဝန်ဖြစ်သွားသည်။
ရှောင်ကျန့် လုပ်သမျှတွေကို ဝမ်ရိပေါ်က ထိုင်သာကြည့်နေ၏။
("ငါသူ့ကိုမမှတ်မိပေမယ့် သူအနမ်းတွေကိုတော့ မှတ်မိနေသလိုပဲ.... ချိုတယ် အဲ့ဒီအရသာက နှလုံးသားထဲထိ စိမ့်ဝင်သွားသလိုပဲ ရှောင်ကျန့်တဲ့လား.... ကျစ် ငါသူ့ကိုချစ်မိတော့မယ်ထင်တယ်")
ထိုအချိန်တွင် ချန်ယွဲ့က ထုံးစံအတိုင်း ညစာယူဆောင်၍ အခန်းထဲဝင်လာသည်။ သူရှာနေတဲ့သူက ဧည့်ခန်းမှာလည်းမရှိ ၊ အိပ်ခန်းမှာလည်း မရှိတာကြောင့် ထမင်းစားခန်းထဲ ဝင်လာသောအခါ ဝမ်ရိပေါ်သည် တစ်ယောက်သောသူ ချက်ကျွေးသော ညစာကို အားရစွာစားနေတာ တွေ့ရသည်။ သူ့နှလုံးသား ဆူးတစ်ချောင်းနဲ့ အထိုးခံလိုက်ရ၏။
ရိပေါ်က နှစ်နှစ်ကျော်လောက်အထိ သူပြင်ပေးတဲ့ ညစားကိုစားပြီး အဖော်ဆိုလို့ သူတစ်ယောက်တည်းကိုသာ ခေါ်ပြီးစားခဲ့တာလေ။ အခုတော့ သူကရှောင်ကျန့်ချက်ပေးတဲ့ ထမင်းကိုစားနေတယ်တဲ့လား။
လှည့်ပြန်လိုက်ရမလား။ စိတ်ကူးမရှိပါ။ သူလှည့်ပြန်လိုက်လို့ ရိပေါ်မြင်သွားရင် သူကရှောင်ကျန့်နဲ့ရိပေါ် အတူတူရှိနေတာကိုမြင်ပြီး ထွက်သွားတယ်လို့ ရိပေါ်ယူဆနိုင်သည်။ ဤကဲ့သို့ ဖြစ်လာပါက သူရိပေါ်ကိုခံစားချက်ရှိနေတဲ့အကြောင်း ဝမ်ရိပေါ်အနေနဲ့လည်း အနည်းငယ် ရိပ်မိသွားနိုင်၏။
YOU ARE READING
Phoenix's lover (arc 3) Complete
FanfictionLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္