Unicode
Phoenix's lover💚23💚 Final
"ဝါး..... ဒီနေရာမှာ ဒီလိုမြစ်ကြီးရှိနေတာလား.... ဒီနေရာက တော်တော်တောကျတယ် လူတွေအလွယ်တကူ ရှာမတွေ့နိုင်တာ မဆန်းပါဘူး "
ဝမ်ရိပေါ် သူ့ဘာသာသူ မှတ်ချက်ချရင်း ရှောင်ကျန့်တစ်ယောက် ရေပြင်ကိုထိကာ တစ်စုံတစ်ရာကို ရွတ်ဖတ်နေသည်အား ကြည့်လိုက်သည်။ မကြာခင်မှာပင် အစိမ်းရောင် မြစ်ကြီးထက်တွင် ရှေးဟောင်းသစ်သားလှေကြီးတစ်စင်း ပေါ်ထွက်လာလေ၏။ အဲ့ဒါက ရှောင်ကျန့်ရဲ့အဘွား ပိုင်ဆိုင်တဲ့ ရှေးဟောင်းလှေဆိုတာကို မေးရန်ပင် မလိုပေ။
ဝမ်ရိပေါ် သည်လှေကို သေသေချာချာကြီးကို မှတ်မိသည်။ ရှေးဟောင်းလှေက မလှုပ်မယှက် ကမ်းကပ်ထားပြီး မှော်စွမ်းအင်တွေနဲ့ ဖုံးကွယ်ထားတာကြောင့် မတော်တဆ လမ်းမှားပြီးရောက်လာတဲ့ လူတွေလည်း မြင်နိုင်မှာမဟုတ်။
ရှောင်ကျန့် ခန္ဓာကိုယ်ကိုဖော့ကာ လှေပေါ်ခုန်တက်လိုက်သည်။ လက်ထဲက အထုပ်တွေကိုချပြီးတော့ ဝမ်ရိပေါ်ကလည်း သူ့အနားကို ခုန်ပျံလာ၏။
"ကျွန်တော့်ကိုကူချပေးအုံး......"
သူကြည့်လိုက်တော့ ဝမ်ရိပေါ်မှာ လက်နှစ်ဖက်က အထုပ်နှစ်ထုပ်ကို ဆွဲထားကာ ခေါင်းပေါ်မှာလည်း အထုပ်တစ်ထုပ်ကို တင်ထားသည်။ သူ့ပုံစံလေးက ကို့ရို့ကားယားနဲ့ ချစ်စရာလေး။ ရှောင်ကျန့် ပြုံးစိစိလုပ်နေတော့ ဝမ်ရိပေါ်လည်း အော်ရယ်မိပါ၏။
"ကျန့်ကော.... ကျွန်တော် ခေါင်းနာလာပြီ"
"အင်း အင်း"အထုပ်ကြီးတစ်ထုပ်ကို ဝမ်ရိပေါ်ခေါင်းပေါ်က ဖယ်ရှားပေးလိုက်မှ ဝမ်ရိပေါ်မှာ နေသာသွားတော့သည်။ ကလေးတွေမွေးထားရတာ တကယ်မလွယ်ပါလား။ အိမ်အပြန် မုန့်ဝယ်ခိုင်းနေသေးသည်။
"ကျန့်ကော.... ကျွန်တော် ဗိုက်နည်းနည်းဆာလာပြီ"
ဝမ်ရိပေါ်က သူဗိုက်ဆာနေပြီဖြစ်တဲ့အကြောင်း သူ့ဗိုက်ကို ပုတ်ပြ၏။ ရှောင်ကျန့် အရှေ့တိုး၍ ဝမ်ရိပေါ်နှုတ်ခမ်းကို နမ်းလိုက်ကာ။
![](https://img.wattpad.com/cover/255763193-288-k164697.jpg)
YOU ARE READING
Phoenix's lover (arc 3) Complete
FanfictionLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္