💚10💚

1.7K 234 24
                                    

Unicode
Phoenix's lover

                     💚10💚

"ငါလည်း အတုအစစ်မခွဲတတ်ဘူးလေ.... အဲ့ဒီလက်စွပ်က ဘာတွေအရေးကြီးနေလို့ မင်းကအသဲအသန်ဖြစ်နေတာလဲ"
"ငါ့မှတ်ဥာဏ်တွေ အဲ့ထဲမှာရှိတယ်"

       ရှောင်ကျန့် အတွေးထဲတွင် သက်ပျင်းအကြိမ်ကြိမ် ချမိပါသည်။ ဝမ်ရိပေါ်က ပွင့်ပွင့်လင်းလင်းကို ပြောပြနေတယ်လေ။ ဒီအကြောင်းက သူစိမ်းတွေသိလို့မှ မဖြစ်တာ။ ဒါပေမယ့် သူမရှိတဲ့အတောအတွင်း ချန်ယွဲ့ကသာ ရိပေါ်ဘေးမှာ နေခဲ့တာမို့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ကြတယ်ဆိုတာ ရှောင်ကျန့် သိသည်။

       ချန်ယွဲ့က ရိပေါ်ကိုထိခိုက်အောင် လုပ်မှာမဟုတ်ဘူးဆိုတာလည်း သူသိသည်။ ချန်ယွဲ့ထိခိုက်အောင် လုပ်မယ့်သူက သူကိုယ်တိုင်ပါပဲ။ သို့ပေမယ့် ချန်ယွဲ့ သူ့ကိုမနိုင်နိုင်ပါဘူး။ ရိပေါ်သတိရလာရင် အားလုံးကိုထားပြီး သူ့ဆီကိုပဲ လာမှာလေ။

"မင်းမှတ်ဥာဏ်?"
"အင်း...."

       ချန်ယွဲ့က ရှောင်ကျန့်ကိုတစ်ချက်ကြည့်သည်။ ရှောင်ကျန့်ကသူတို့နှစ်ယောက်လုံးကို မကြည့်ပါ။ စားပွဲပေါ်ကလက်စွပ်ကြေကိုသာ မြဲမြံစွာစိုက်ကြည့်နေသည်။ ထိုစဥ် အားလီဆီကမက်ဆေ့တစ်စောင် ရောက်လာတာကြောင့် ရှောင်ကျန့် ထသွားသည်။ သူ့ရဲ့အကျင့်အတိုင်း ဝမ်ရိပေါ်နဖူးကို နမ်းသွားသေး၏။

       ချန်ယွဲ့က လက်သီးကိုသာ တင်းတင်းဆုပ်ထားသည်။ သူ့ပုံစံက ထိုနှစ်ယောက်ကိုဂရုမစိုက်ဟန် ဖြစ်နေသော်လည်း သူသဝန်တိုနေတာ သူသာလျှင်အသိဆုံးပါ။ ရှောင်ကျန့် ထွက်သွားတာနဲ့။

"ရိပေါ်.... မင်းဘာလို့မရှောင်တာလဲ ဘာလို့သူနမ်းတာကို ခံနေရတာလဲ"
"အဲ့ဒါက...."

"မင်းသူ့ကိုကြိုက်နေပြီလား"
"ဘယ်ကသာ.... မင်းလျှောက်တွေးမနေနဲ့ ပြော လက်စွပ်ကဘယ်လိုဖြစ်တာလဲ"

"ငါ့လူတွေကို CCTV မှတ်တမ်းကနေ ရှာဖွေစစ်ခိုင်းလိုက်တာ အဲ့ဒီကောင်ကိုမိတယ်.... ငါတို့ရှာတော့ အဲ့လက်စွပ်တွေ့တာပဲလေ ဘယ်လိုလုပ်အတုဖြစ်နေတာလဲ"
"သူကော...."

Phoenix's lover (arc 3) Complete Where stories live. Discover now