Unicode
Phoenix's lover💚7💚
နောက်နေ့ရောက်တော့။
"ဒီမှာ.... ဖီးနစ်အမွှေး...."
"ဝိုး.... ရိပေါ် မင်းကမြန်လှချည်လား"ချန်ယွဲ့က ပြုံးစိစိနဲ့ ချီးကျူးလာတော့ ဝမ်ရိပေါ်ကော်ဖီသောက်ရင်းမှ မျက်ခုံးပင့်ပြလေသည်။ ဝမ်ရိပေါ်က အမွှေးနှစ်ချောင်းကို ချန်ယွဲ့အားပေး၍ အမွှေးတစ်ချောင်းကိုတော့ သူဖွက်ထားလိုက်၏။ ဖွက်ထားရတဲ့အကြောင်းကတော့ ထိုအမွှေးကိုညကခေါင်းအုံးအောက်ထဲ ထည့်အိပ်မိရာ အိမ်မက်ထဲတွင် အတိတ်ပုံရိပ်လိုလိုအရာများ တွေ့မြင်ရလေသည်။
ဒီညလည်း သူထပ်စမ်းသပ်ရန် စဥ်းစားထားသည်။ ချန်ယွဲ့က သူနဲ့ပတ်သက်ရင် စိတ်ပူတတ်လွန်းလို့ မိမိဘာသာပဲ ဖွက်ထားလိုက်ပါ၏။ ချန်ယွဲ့ကတော့ မသိပေ။ သူတို့နှစ်ယောက် စကားနည်းနည်း ပြောကြပြီးနောက် ဝမ်ရိပေါ် ရိုက်ကွင်းသို့ထွက်လာခဲ့သည်။
"ရိပေါ်...."
"အာ ကျန့်ကော....""ကောမနက်ကလာခေါ်တယ်လေ မင်းကဘယ်သွားနေတာလဲ"
"ကျွန်တော့်ကို ချန်ယွဲ့လာခေါ်လို့ ဟဲဟဲ...."("ချန်ယွဲ့....")
ရှောင်ကျန့် ခေါင်းအသာညိတ်လိုက်သည်။ ရှောင်ကျန့်မျက်နှာက အရင်လိုအေးစက်စက်လည်းမဟုတ် ခက်ထန်နေသည်လည်းမဟုတ်ဘဲ စိတ်မကောင်းစရာ တစ်ခုခုကို တွေ့ထားတဲ့လူတစ်ယောက်လိုပဲ ညှိုးနေသည်။ ဝမ်ရိပေါ် သတိထားမိသော်လည်း ဒါရိုက်တာကခေါ်တော့ ရှောင်ကျန့်နဲ့စကားရပ်မပြောနိုင်ဘဲ ထွက်သွားရ၏။
ရှောင်ကျန့်က ဝမ်ရိပေါ်ကို ပြန်ခေါ်ဖို့ တစ်ခုတည်းအတွက်သာ လူသားတို့တိုင်းပြည်ကို လာခဲ့တာ။ ဝမ်ရိပေါ်ကပြန်မလိုက်ဘူးလို့ ပြောနေပေမယ့် အဲ့ဒါကသူ့ကိုမမှတ်မိလို့ ပြောနေတာတွေပဲလေ။ ပြန်မှတ်မိရင် ချက်ချင်းတောင်ထပြန်အုံးမှာကို သူသိတာပေါ့။ ဒါကြောင့်လည်း ဝမ်ရိပေါ် သတိမရမချင်း သူမပြန်ဘူးလို့ ရည်ရွယ်ထားတာ။
ဝမ်ရိပေါ် ရိုက်ကူးရေးစနေချိန် ဝမ်ရိပေါ်ရဲ့မန်နေဂျာက ရှောင်ကျန့်အနားရောက်လာသည်။
YOU ARE READING
Phoenix's lover (arc 3) Complete
FanficLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္