Unicode
Phoenix's lover💚16💚
ဝမ်ရိပေါ်သည် ပူနွေးနေဆဲ ရှောင်ကျန့်ခန္ဓာကိုယ်ကို ပွေ့ချီ၍အိပ်ရာပေါ်မှာ အသာလေးချထားပေးလိုက်သည်။ ရှောင်ကျန့်ကို စတွေ့ခါစတုန်းက ရှောင်ကျန့်သည် သူမယှဥ်နိုင်လောက်သော သဘာဝလွန်စွမ်းအားတွေနဲ့ အင်အားကြီးတဲ့သူလို့ ထင်ထားခဲ့မိတာပင်။ စတွေ့တုန်းက ရှောင်ကျန့်ရဲ့စိတ်ကိုတောင် သူဖတ်လို့မရခဲ့ဘူးလေ။
ယခုတစ်ခါ ကြိုးစားကြည့်သော်လည်း စိတ်ဖတ်လို့မရပါ။ ရှောင်ကျန့်အစွမ်းက သူ့ထက်မြင့်တာတော့ သေချာသည်။ စောင်ကိုသေချာလေးခြုံပေးပြီး ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ ယောကျ်ားဆန်သော လက်ချောင်းများကို ဝမ်ရိပေါ်ဆုပ်ကိုင်ထားရင်း ပင်ပန်းနေပုံပေါ်တဲ့ မျက်နှာလေးကို ငေးကြည့်မိသည်။
"ကျန့်ကော တကယ်ပဲ ကျွန်တော့်အတွက် လာခဲ့တာလား.... တကယ်ပဲ လက်စွပ်ထဲမှာ ကျွန်တော့်မှတ်ဥာဏ်တွေရှိနေတာလား နေအုံး...."
ဝမ်ရိပေါ်သည် တစ်ခုခုကို သတိရသွားသလို ခါးကမတ်သွားပြီး
"ပြန်ဝင်စားတဲ့သူရဲ့ မှတ်ဥာဏ်တွေကို ပြန်ရှာဖို့ထည့်သိမ်းဖို့ဆိုတာ စွမ်းအင်တွေအများကြီးကို သုံးရမယ်မဟုတ်လား.... ဒါဆို ကျန့်ကောအခုလို ခဏခဏအားနည်းနေတာ လက်စွပ်ထဲမှာ သူ့စွမ်းအားတွေ ရှိနေပြီး သူ့ခန္ဓာကိုယ်ထဲမှာ မရှိတော့လို့လား"
ထိုစဥ် ရှောင်ကျန့်ဆီမှ ညည်းသံ သဲ့သဲ့ကလေး ထွက်ပေါ်လာသည်။
"ရိပေါ်....."
"ဟင် ကျန့်ကော.... ကျန့်ကောနိုးလာပြီလား ဘယ်လိုနေသေးလဲ ""ရိပေါ်...."
"ကျွန်တော်ရှိတယ် ကျွန်တော်ဒီမှာ"ဝမ်ရိပေါ် မျက်လုံးလေး မပွင့်တပွင့်နဲ့ ယောင်ရမ်းကာခေါ်နေသော ရှောင်ကျန့်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားရ၏။ ရှောင်ကျန့်မှာ သတိလစ်သွားတာတောင် ယောင်ရမ်းပြီး သူ့နာမည်ကို စိုးရိမ်တကြီးနဲ့ ခေါ်နေတုန်း။ ဝမ်ရိပေါ်သည် ရှောင်ကျန့်လက်ဖဝါးကို သူ့ပါးတွင်ကပ်လိုက်သည်။
YOU ARE READING
Phoenix's lover (arc 3) Complete
FanfictionLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္