💚13💚

1.4K 221 15
                                    

Unicode
Phoenix's lover

                     💚13💚

       ဝမ်ရိပေါ်သည် ရှောင်ကျန့်အရှေ့တွင် ဒူးကွေးထိုင်လိုက်ပြီး ရှောင်ကျန့်လက်နှစ်ဖက်ကိုလည်း ဆွဲယူဆုပ်ကိုင်ထားလိုက်သည်။

"ကျန့်ကော သူမဟုတ်လောက်ပါဘူး"
"မင်းငါ့ကိုမယုံဘူးမလား.... လက်စွပ်သူ့ဆီမှာရှိနေတယ်လို့ ငါပြောတာလည်း မင်းမယုံဘူး.... သူကသာမန်လူမဟုတ်ဘူး ငါတို့ပြောတာတွေကို အဝေးကနေနားထောင်နေတယ်လို့ ပြောတာလည်း မင်းမယုံဘူး... "

       ရှောင်ကျန့်က ဖြည်းဖြည်းမှန်မှန်သာ ပြောသွားသည်။

"ရိပေါ်.... မင်းသူ့ကို"
"မဟုတ်ဘူးနော် ကျန့်ကော.... ကျွန်တော်သူ့ကို စိတ်မဝင်စားဘူး "

"မင်းငါ့ကိုမယုံဘူး.... သူ့ကိုတော့ ယုံတယ်မဟုတ်လား"

       ဝမ်ရိပေါ် ဘာဆက်ပြောရမလဲမသိ အကျပ်ရိုက်သွားသည်။

"ငါအခုစကားတစ်ခု ပြောမယ်.... တကယ်ဖြစ်လာခဲ့ရင် မင်းယုံလောက်ပြီထင်တယ်"
"ဘာပြောမလို့လဲ "

       ရှောင်ကျန့် သူဖြန့်ကျက်ထားသော စွမ်းအင်တို့ကို ရုတ်သိမ်းလိုက်သောအခါ အဖြူရောင်အလင်းငွေ့တို့လည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။ ရှောင်ကျန့်က ဝမ်ရိပေါ်လက်ကို ပြန်၍ဆုပ်ကိုင်လိုက်ကာ

"ရိပေါ်.... ငါမင်းကို ဘယ်တုန်းကမှ မပြောဘူးတဲ့ စကားတစ်ခွန်းရှိတယ် အဲ့ဒါက ငါ့ရဲ့အစွမ်းနဲ့ ငါ့ကိုအသေသတ်ပစ်နိုင်တယ်ဆိုတဲ့ အရာပဲ"

       ဝမ်ရိပေါ် မျက်လုံးပြူးသွားသည်။ ဖီးနစ်ငှက်ကို သတ်ပစ်ဖို့ဆိုတာက လွယ်တဲ့အရာမဟုတ်သလို မဖြစ်နိုင်တဲ့ကိစ္စတစ်ခုထဲမှာလည်း ပါသည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးလည်း ပြာမှုန်ကနေ ပြန်ထလာကြမှာချည်းပဲလေ။

       ဒါပေမယ့် ယခုရှောင်ကျန့် ပြောလိုက်တဲ့နည်းလမ်းက သူ့အစွမ်းနဲ့သူ့ကို ပြန်သတ်တာတဲ့။ ထိုစကားတွေကိုကြားတော့ ဝမ်ရိပေါ် အလွန်အမင်း တုန်လှုပ်သွား၏။ တစ်စုံတစ်ယောက်က။ ရှောင်ကျန့်ကိုသတ်ချင်နေသော တစ်စုံတစ်ယောက်ကသာကြားသွားရင် ဒီအချက်ကို သေချာအသုံးချတော့မှာ ကျိန်းသေနေပြီ။

Phoenix's lover (arc 3) Complete Where stories live. Discover now