Unicode
Phoenix's lover💚19💚
"ဟင့်အင်း.... ကျွန်တော်တို့ တစ်နေရာရာမှာ နားရအောင်"
"အင်း....."'ဝှစ်.....'
ထူးဆန်းသော အသံတစ်သံကို သူတို့နှစ်ယောက်လုံး ကြားလိုက်ရသည်။ ထိုအသံက သူတို့ကြားထဲမှာ ဆက်သွယ်ထားတဲ့ ကြိုးမျှင်လေးကို တစ်စုံတစ်ယောက်က ဖြတ်တိုက်သွားတဲ့ အသံမျိုး။ ရှောင်ကျန့် ဝမ်ရိပေါ်လက်ကို ခပ်တင်းတင်းဖမ်းဆုပ်ထားလိုက်သော် ဝမ်ရိပေါ်လက်ကို မဖမ်းမိဘဲ လေထုကိုသာ ဖမ်းဆုပ်မိလေသည်။
"ရိပေါ်....."
ဝမ်ရိပေါ်၏နာမည်ကို အော်ခေါ်လိုက်သော ရှောင်ကျန့်၏အသံသည် တောနက်ကြီးထဲတွင် ပဲ့တင်သံထပ်လို့ ဟိန်းထွက်သွား၏။ ကြိုးမျှင်လေးက ပြတ်မသွားပါ။ ပြတ်မသွားသော်လည်း တစ်ဝက်ကတော့ လေထုအလယ်မှာပဲ မှေးမှိန်ကာ ပျောက်လုနီးပါး ဖြစ်နေသည်။ ရှောင်ကျန့်ကြိုးကို ကြည့်မိပြီး တစ်ခုခုကို နားလည်သွားသည်။
ဒီနေရာမှာ မှော်အငွေ့အသက်တွေ ပိုင်ဆိုင်ထားတဲ့ တစ်စုံတစ်ယောက် ရှိနေပြီ။ ထိုသူက ဝမ်ရိပေါ် နဲ့သူ့အကြားကို ကမ္ဘာငယ်လေးတစ်ခု ဖန်ဆင်းလိုက်ပြီး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မမြင်ရအောင်၊ ရှာမတွေ့အောင် ခွဲထုတ်လိုက်တာ ဖြစ်ပေသည်။
"ရိပေါ်...... ရိပေါ်......"
တောနက်ကြီးထဲ သူ့အသံကလွဲလို့ ဘာသံမှမကြားရပေ။ ရှောင်ကျန့် ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင်မီးတောက်များ လွှမ်းခြုံသွားသည့်အခါ မှော်ဝင်တောကြီး၏ မှောင်မိုက်နေသော နေရာသည်လည်း လင်းထိန်သွားတော့သည်။ မှော်ကောင်လေးတွေ မီးကိုမြင်တော့ ကြောက်လန့်တကြီးဖြင့် ပုန်းခိုကုန်သည်။
တစ်ချို့ကလည်း အသံပိစိလေးတွေဖြင့် အော်ဟစ်ရင်း သူ့ထက်ငါအရင် ပြေးကုန်ကြတော့သည်။ ထိုအချိန်မှာပဲ လေထုဟာလှုပ်ခါလာခဲ့သည်။ ရှောင်ကျန့် သူ့ဘေးကို လှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်ကို ပြန်တွေ့လိုက်ရ၏။
"ကျန့်ကော....."
ရှောင်ကျန့် ပြေးမလာခင် ဝမ်ရိပေါ်က သူ့ထက်အရင် ပြေးလာဖက်၏။
YOU ARE READING
Phoenix's lover (arc 3) Complete
FanfictionLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္