Unicode
Phoenix's lover💚4💚
ရှောင်ကျန့်ပြောတဲ့ နောက်တစ်ခုရှိသေးသည်။ သူ့နှလုံးသားက ရှောင်ကျန့်ဆီမှာဆိုတာပါပဲ။ ဟုတ်ပါသည်။ သူဖြတ်သန်းလာတဲ့ တစ်လျှောက်မှာ မိန်းကလေးကော ယောကျ်ားလေးကော ဘယ်သူ့ကိုမှ သူချစ်လို့မရဘူး။ သူတစ်စုံတစ်ယောက်ကို ချစ်ဖို့တွေးလိုက်တာနဲ့ သူ့နှလုံးသားက ထိုအတွေးကိုဖယ်ထုတ်ဖို့ ဦးနှောက်ကိုသတိပေးလာသလိုပဲ ချစ်လို့မရဘူးဖြစ်နေသည်။
"ရိပေါ်....."
အခန်းအပြင်က ချန်ယွဲ့ အသံကြားသောအခါမှသာ သူ့အတွေးတွေ လွင့်ပျယ်သွားသည်။ အတွေးတွေကိုရှင်းထုတ်ကာ ချန်ယွဲ့နဲ့အတူ ညစာစားရန် ထမင်းစားခန်းထဲသို့ ထွက်လာခဲ့၏။
"မင်းရေချိုးတာ ကြာလိုက်တာ "
"ငါတွေးနေတာ""ဘာတွေးနေတာလဲ"
ချန်ယွဲ့အမေးကို သူမဖြေတော့ဘဲ ခုံဆွဲကာထိုင်လိုက်သည်။ သူတို့နှစ်ယောက် ထမင်းစားကြသည်။ ဟင်းခွက်များစွာထဲမှ ဟင်းရည်ပန်းကန်တစ်ချပ်ဆီရောက်တော့ ဝမ်ရိပေါ်အကြည့်တို့ ထိုဟင်းရည်တွင် ရပ်သွားခဲ့၏။ ဟင်းရည်ကိုအပေါ်ကနေ နံနံရွက်အနည်းငယ် ဖြူးထည့်ထားသည်။
သူစူးစိုက်ကြည့်မိလေ သူ့ကိုဟင်းရည်ချက်ပေးသော တစ်စုံတစ်ယောက်ကို ပြေးသတိရမိ၏။ ဘယ်သူဘယ်ဝါ မသိသော်လည်း မျက်လုံးထဲတွင်ပေါ်လာသော ထိုပုံရိပ်ကသူ့နှလုံးသားကို နွေးထွေးသွားစေတာတော့ အမှန်ပါပဲ။ ထိုစဥ် ချန်ယွဲ့က ဝမ်ရိပေါ်နှုတ်ခမ်းဘေးက ထမင်းစေ့ကိုလက်ချောင်းဖြင့် သပ်ချပေးလေသည်။
တစ်စုံတစ်ယောက်က အသားကိုလာထိတော့ ဝမ်ရိပေါ်စိတ်ထဲ ဘာကြောင့်ရယ်မသိ ဝမ်းသာသွားပြီး ချန်ယွဲ့ဘက်ချာခနဲလှည့်ကာ ပြုံးပြမိသွားသည်။ ချန်ယွဲ့ကလည်း ဝမ်ရိပေါ်သူ့ကိုပြုံးပြလာတာ မြင်သောအခါ ဝမ်းသာသွား၏။ သို့သော် ဝမ်ရိပေါ်ကတဖြည်းဖြည်း ရုပ်ပြန်တည်သွားလေသည်။
"ငါဘာဖြစ်သွားတာလဲ...."
"မင်း ဘာဖြစ်လို့လဲ ""ဒီဟင်းရည်က?"
"ငါချက်ထားတာလေ မင်းရေချိုးနေတုန်း ငါချက်လိုက်တာ.... စားကြည့်ပါအုံး "
![](https://img.wattpad.com/cover/255763193-288-k164697.jpg)
YOU ARE READING
Phoenix's lover (arc 3) Complete
FanficLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္