Unicode
Phoenix's lover💚20💚
"ရိပေါ်က ဥာဏ်ကောင်းသားပဲ"
ဝမ်ရိပေါ်က သူ့ကိုယ်သူ မြှောက်ပင့်လိုက်ဟန်ဖြင့် အသည်းပုံ အပြုံးလေးတစ်ပွင့် ပေးလေသည်။
"ကျွန်တော်ဥာဏ်ကောင်းတာ ငယ်ငယ်လေးကတည်းကလေ.... ဟားဟားဟား ကောင်းပါပြီ ကျန့်ကောကို မနှောက်ယှက်တော့ဘူးနော်"
ရှောင်ကျန့် ထိုသူလေးအား ပြန်ပြုံးပြပြီး ရေစပ်နားတွင် ဒူးတစ်ဖက်ကွေး ထိုင်ချလိုက်ကာ လက်ချောင်းနှစ်ချောင်းကို ရေထဲနစ်ထည့်လိုက်သည်။ ဝမ်ရိပေါ်ကတော့ မြတ်နိုးရသူလေး တစ်ခုခု ဖြစ်သွားမှာ စိုးသည့်အတွက် မျက်တောင်မခတ် ကြည့်နေ၏။
ထိုစဉ် ရှောင်ကျန့်၏လက်နှစ်ချောင်းသည် ငွေရောင်အလင်းတို့ ပေါ်ထွက်လာသည်။ ထိုစွမ်းအင် အလင်းတို့သည် ရေအောက်တွင် ခဏရစ်ဝဲနေကြပြီးနောက် အပြာရောင်နန်းတော်ကြီး ရှိရာသို့ တဟုန်ထိုးပြေးတော့သည်။
"ရပြီ ကျန့်ကော.... နောက်ဆုတ်လိုက်တော့"
မီးတောင်ချော်ရည်လို ပူလောင်တဲ့ ရေထဲမှာ ရှောင်ကျန့်ရဲ့လက်ကို ခဏလေးတောင် စိမ်မထားစေချင်တော့ပါ။ ရှောင်ကျန့်ရဲ့လက် ဘာမှမဖြစ်တာမြင်တော့မှ ဝမ်ရိပေါ်တစ်ယောက် စိတ်အေးသွားလေသည်။
ရှောင်ကျန့် ပို့လွှတ်လိုက်သော အလင်းတန်းလေး နန်းတော်ကြီးဆီ ရောက်သွားပြီး ခဏကြာတော့ သူတို့နှစ်ယောက်ဆီသို့ အပြာရောင် အလင်းတစ်ခု ပြန်ပြေးလာသည်။ ပြေးလာသည့်အရာက စွမ်းအင်တစ်ခုဆိုတာကလွဲလို့ တစ်ခြားအရာ မခန့်မှန်းမိတာကြောင့် ဝမ်ရိပေါ်သည် အရေးကြုံရင် တိုက်ခိုက်ရန် လက်ဝါးကို အသင့်ပြင်ထားလေသည်။
သို့သော် အလင်းတန်းက သူတို့နားက ကမ်းစပ်ကိုရောက်တော့ ရပ်သွားသည်။ အပြာရောင် အလင်းဖြတ်ပြေးလာတာမို့ ရေပြင်ဟာလည်း အနည်းငယ် လှုပ်ခတ်သွား၏။ ထိုအချိန်တွင် ရေထဲမှ တစ်စုံတစ်ခုဟာ ထိုးထွက်လာတော့သည်။
အကာအရံမရှိ၊ လှလှပပ တန်ဆာဆင်ထားခြင်း မရှိသော ရိုးရိုးရှင်းရှင်း တံတားတစ်စင်း ဖြစ်သည်။
YOU ARE READING
Phoenix's lover (arc 3) Complete
FanficLegend of phoenix ၏ အဆက် Legend of phoenix ၏ အဆက္