uni....
''Wah...........!!''
အိမ်မက်ဆိုးတစ်ခုက ရှောင်ကျန့်ကို ခြောက်လန့်နေတယ်။အိမ်မက်ထဲက ပုံရိပ်တွေဟာ ဝိုးတဝါးတွေဖြစ်နေသည့်တိုင် ကြောက်စရာကောင်းနေတာကြောင့် ရှောင်ကျန့်လန့်နိုးလာခဲ့သည်။
တစ်ဆောင်တည်းအတူနေကြတဲ့ သူငယ်ချင်းတွေကလည်း ရှောင်ကျန့်အော်သံကြောင့် လန့်နိုးသွားကြတယ်။ ထို့နောက် ကျန်းချန်မှ
''ရှောင်ကျန့် ဘာဖြစ်တာလဲကွ''
''ဘာမှ မဖြစ်ဘူး ငါအဆင်ပြေတယ်''
နိုးသွားတဲ့သူငယ်ချင်းတွေကို တောင်းပန်ပြီးနောက် ရှောင်ကျန့် ပြန်အိပ်ဖို့ ပြင်လိုက်သည်။ သို့သော် ဘယ်လိုပဲ အိပ်ဖို့ကြိုးစားကြိုးစား ပွင့်ပြီးသားမျက်လုံးတွေဟာ ပြန်ပိတ်လို့မရခဲ့ဘူး။ ထို့ကြောင့် အိပ်မရမယ့်အတူ စာကြည့်တိုက်သွားဖို့သာ ဆုံးဖြတ်လိုက် တော့သည်။
အနည်းဆုံးတော့ စာမေးပွဲအတွက်ပြင်ဆင်လို့ရတာပေါ့။ ရှောင်ကျန့် မျက်နှာသစ်ပြင်ဆင်ပြီးနောက် ပြီးအိပ်ပျော်နေတဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ ကျန်းချန် ယွီဘင်း နဲ့ မုန့်ယောင်တို့ကို တစ်ချက်ကြည့်လိုက်သေးတယ်။
သူတို့လို အေးအေးဆေးဆေး အိပ်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိပေမယ့်လည်း ရှောင်ကျန့်အတွက် မဖြစ်နိုင်ပါဘူး။ ရှောင်ကျန့်တစ်ယောက် သူငယ်ချင်းသုံးယောက်အတွက် မနက်စာပြင်ပေးခဲ့ကာ ထွက်လာလိုက်သည်။
သူ နိုးတာ မနက်ငါးနာရီမို့ ကျောင်းစာကြည့်တိုက်ကို သွားနေတဲ့ လမ်းတစ်လျှောက် လူတစ်ယောက်မှ မရှိ၊ ထို့အပြင် မှောင်လဲမှောင်နေသည်။ လမ်းဘေးက မီးတိုင်တွေကလည်း အလင်းရောင်ဖျော့ဖျော့သာရှိတာမို့ ရှောင်ကျန့်တစ်ယောက် မသိစိတ်ကနေတော့ ကြောက်မိတာ အမှန်ပင်။ အဆောင်ကနေ လမ်းကို ခပ်သွက်သွက်လျှောက်ရင်း ကျောင်းစာကြည့်တိုက်ရှိရာ ဘက်ကို ကွေ့ဖို့အလုပ် လူတစ်ယောက်နဲ့ ဝင်တိုက်သွားသည်။
''အာ့''
ထိုလူဟာ အရှိန်တစ်ခုနဲ့ပြေးဝင်လာတာကြောင့် ရှောင်ကျန့် ပစ်လဲသွားသည်။
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi