uni.....
ရှောင်ကျန့် တနေကုန် စာသာ သင်နေရတာ စိတ်က စာထဲမှာမရှိ။ အတွေးတွေလွင့်နေရင်း မနက်က အကြောင်းကိုပြန်တွေးမိသွားသည်။
လူတစ်ယောက်က ချက်ချင်းကြီး ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို ပြန်ပျောက်သွားနိုင်သလား..! အဲ့လိုလုပ်နိုင်ဖို့ဆိုရင်လည်း အဲ့လူက စွမ်းအားရှင်ဖြစ်မှပဲ ရလိမ့်မယ်၊ရှောင်ကျန့်ဟာ မနက်က သူဝင်တိုက်ခဲ့တဲ့ လူအကြောင်းတွေ တွေးရင်း မေးခွန်းပေါင်းစုံထုတ်နေမိသည်။
ဘေးနားမှာထိုင်ပြီး စာလိုက်မကြည့်တဲ့ ရှောင်ကျန့်ကြောင့် ကျန်းချန်လည်း အနားကပ်ကာ စကားလှမ်းပြောသည်။
''ဟေ့ရောင် ကျန့်ကျန့်စာကြည့်ကွ.. ဆရာက မင်းကို ခနခနကြည့်နေတယ်''
''ဟမ် အင်းအင်း''
ကျန်းချန် သတိပေးလာတာမို့ ရှောင်ကျန့်စာကို အာရုံပြန်စိုက်လိုက်သည်။ ထိုင်တဲ့ပုံစံက ရှောင်ကျန့် နဲ့ကျန်းချန်က ဘေးချင်းကပ် ဖြစ်ပြီး ယွီဘင်းနဲ့ မုန့်ယောင်ကတော့ ရှောင်ကျန့်တို့ ရှေ့မှာ ထိုင်ကြသည်။
တစ်ခုခုဆို လေးယောက်သား နီးနီးကပ်ကပ်နေရမယ်ဆိုတဲ့ မားမားတို့ရဲ့စကားကို ငယ်ငယ်လေးထဲ နားထောင်လာတာ အခုအဆောင်နေကျောင်းသားဘဝ ရောက်တဲ့ထိပဲ။
အစက ရှောင်ကျန့်နဲ့ ကျောင်းတူတူမှာ မတက်ရဘူးဆိုတဲ့ မိဘတွေရဲ့ စကားကြောင့် ယွီဘင်းတို့ သုံးယောက်လုံး အိမ်ပေါ်ကနေ ဆင်းကာ ဆန္ဒပြကြသည်။ မိဘတွေက အထက်တန်း ကျောင်းကို သူတို့စီးပွားဖက်တွေရှိတဲ့ကျောင်းတွေမှာ တက်စေချင်ကြတာ။ ဒါပေမယ့် သားတော်မောင်လေးယောက်က အမြဲအတူတူဆိုတော့ တစ်ကျောင်းတည်းမှာသာ စုတက်ချင်ကြသည်။ မိဘတွေက သဘောမတူလေ အရွယ်ရောက်ခါစ မျောက်လေးကောင်က ပိုဆိုးလေဖြစ်ကာ နောက်ဆုံးတော့ ရှောင်ကျန့် ကိုယ်တိုင်ပါ အိမ်ကနေ ထွက်လို့ သုံးယောက်သား တက်မယ့် ကျောင်းက အဆောင်မှာနေကြသည်။
မားတို့နဲ့တော့ ပြန်အဆင်ပြေသွားပေမယ့် ကျောင်းပိတ်တိုင်း လေးယောက်လုံးက အိမ်မပြန်ကြဘူး ။အဲ့အစား ပိတ်ရက်ရရင်ရသလောက် ခရီးထွက်ကြသည်။
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi