Part 5

3.5K 373 0
                                    

uni...

အခုဆို ရှောင်ကျန့်တို့ သူငယ်ချင်းတွေ ကျောင်းတက်တာ နှစ်ဝက်ရောက်လို့ မကြာခင် စာမေးပွဲဖြေရဖို့ နီးလာပြီ။ ဒီစာမေးပွဲက  ဖိုင်နယ်တော့ မဟုတ်ပေမယ့် ဒီဟာဖြေပြီးရင်ပိတ်ရက်ရှည် ဆယ်ရက်ရမယ် လို့ ပြောသံကြားထားသည်။

ရှောင်ကျန့်တို့က စာမေးပွဲနီးပြီလို့ ပြောသံကြားတာနဲ့ လေးယောက်သား အခန်းထဲကနေ မထွက်တော့ဘူး။ အသားကုန် စာလုပ်တော့တာပဲ။

ရှောင်ကျန့်က မလုပ်လဲ ရပေမယ့် ကျန်တဲ့ သုံးကောင်ကတော့ အဲ့လိုမဟုတ်။ စာတော်ပေမယ့် စာထဲအာရုံမရှိတဲ့ ယွီဘင်း နဲ့ စာသင်ချိန်တိုင်း မုန့်စားဖို့‌လောက်ပဲ အာရုံရောက်နေတဲ့ မုန့်ယောင်တို့က သူတို့ခေါင်းထဲ ဆရာဘာသင်သွားမှန်းကိုတောင် သိမှာမဟုတ်ဘူး။
ကျန်းချန်ကျ စာလုပ်တယ် ရှောင်ကျန့်နဲ့အတူတူပေါ့။

လေးယောက်သား အခန်းထဲမှာ​ခေါင်းချင်းဆိုင်လို့ စာတွေကုန်း လုပ်နေကြသည်။ စာထဲသေချာအာရုံရောက်ပြီဆို ထဖောက်လာတာက မုန့်ယောင်။

''ကျန့်ကျန့်ငါ့ကို မုန့်ထုပ်လေးလှမ်းပေးပါဦး''

ရှောင်ကျန့် သူ့အနောက်က မုန့်ထုပ်ကို မုန့်ယောင်ကိုပေးလိုက်သည်။ထို့နောက် စာထဲအာရုံပြန်စိုက်မလို့ လုပ်နေတုန်း မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ယွိဘင်းက ‌ထအော်တော့သည်။

''အား ငါရူးပြီ ငါရူးပြီ ကျန့်ကျန့် ငါ့ကိုကယ်ပါဦးကွာ''

''ဘာဖြစ်တာလဲ ယွီဘင်းရာ''

''ငါ့ကို ဒါလေး ရှင်းပြပေးပါလား''

ယွီဘင်းပြတဲ့အပုဒ်က ခက်တာမို့ ရှောင်ကျန့် သေချာလေး ရှင်းပြပေးလိုက်သည်။ နာရီဝက်လောက်ကြာတော့ ယွီဘင်းလည်း နားလည်သွားတာ‌ကြောင့် စာထဲ အာရုံပြန်စိုက်သွားတယ်။

အချိန်အကြာကြီး စာလုပ်ပြီးသည့်အခါ ရှောင်ကျန့် ခါးညောင်းလာတာမို့ မတ်တပ်ရပ်ကာ အခန်းထဲ လမ်းလျှောက်ရင်း စာကျက်နေလိုက်သည်။ ကျန်တဲ့သုံးယောက်ကတော့ သူတို့ မပိုင်တဲ့စာတွေ လုပ်လို့ကောင်းတုန်း။

Bloody Love ( completed )Where stories live. Discover now