uni...
ရှောင်ကျန့်တို့ အထဲဝင်သွားတော့ အိမ်ထဲမှာ ဘယ်သူမှ မရှိသလိုမျိုး တိတ်ဆိတ်ပြီးမှောင်မဲနေသည်။ ရိပေါ်ရှောင်ကျန့်ကို နောက်မှာထားလို့ ရှေ့ကနေ ကာကွယ်ထားလိုက်သည်။ ရှောင်ကျန့်ကလဲ နောက်ကနေ ဘေးပတ်လည်ကို အကဲခတ်နေသည်။
အိမ်ကြီးက လုံးဝပုံမှန်အတိုင်းဖြစ်နေကာ တိတ်ဆိတ်နေပုံက ခြောက်ခြားစရာကောင်းသည်။ ရိပေါ် အားလုံးကို အချက်ပြလို့ လူစုခွဲလိုက်သည်။ ကျန်းချန်နဲ့ ရှောင်ကျန့် က တစ်ဖွဲ့။ ယွီဘင်း မုန့်ယောင် နဲ့ ဟွိုင်ခွမ်းက တစ်ဖွဲ့။ ရိပေါ်ကတော့ တစ်ယောက်တည်း လှုပ်ရှားသည်။
ရှောင်ကျန့်တို့က အောက်ထပ်က အခေါင်းထားရာ အခန်းဘက်ကိုသွားလို့ တခုခုများ တွေ့ရမလားလို့ ရှာသည်။ ရိပေါ်ကတော့ အပေါ်ထပ်ကို တက်သွားသည်။ ဟွိုင်ခွမ်းကောတို့က လည်း အိမ်တော်ရဲ့ အနောက်ဖက်ကို သွားရှာကြသည်။ အိမ်တော်ကြီးက ပုံမှန်ထက် ပိုကြိးနေတယ်လို့ ရှောင်ကျန့် ခံစားလိုက်ရသည်။
''ကျန်းချန် ပုံမကျဘူးနော် အိမ်ကြီး တစ်ခုခု မူမမှန်ဘူး''
''အေး ငါလဲသတိထားမိတယ် ငါတို့ မြန်မြန်ရှာရအောင်''
ကျန်းချန် နဲ့ ရှောင်ကျန့် လူစုခွဲလို့ ပတ်ရှာကြသည်။ သို့သော် ဘာမှ ထူးခြားတာမတွေ့။ အခေါင်းတွေထားတဲ့ အခန်းမှာ နောက်ထပ်အခေါင်းတစ်လုံးပိုလာသည်။ နောက်ပြီး အဲ့အခေါင်းပေါ်မှာရေးထားတာက ရှောင်ကျန့်တဲ့။ ရှောင်ကျန့် သေချာကြည့်နေရင်း ရုတ်တရက် ရိပေါ်တက်သွားတဲ့ အပေါ်ထပ်ကနေ အသံကြားလိုက်ရတာကြောင့် အပေါ်ကိုပြေးတော့သည်။
''ရိပေါ် မင်းအဆင်ပြေရဲ့လား''
ရှောင်ကျန့် တို့ ရောက်လာတော့ လဲနေတဲ့ ရိပေါ်ကို တွေ့လိုက်ရသည်။
''ကိုယ်အဆင်ပြေတယ် ကျန့်ကျန့် အထဲမှာ ဟိုကောင်ရှိတယ် နောက်ပြီး ခန္ဓာကိုယ်ရောပဲ''
ရှောင်ကျန့် သတိထားလို့ အထဲကို ကြည့်လိုက်သည်။ ကုတင်ပေါ်မှာ ရှိနေတဲ့ ခန္ဓာကိုယ်ပေါ်ကို သွေးစက်တွေ လောင်းနေတဲ့ ဝမ်*။ ရှောင်ကျန့် တို့ အတူ အထဲကိုဝင်သွားတော့
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi