uni...
မနက်ရောက်တော့ ညက ကျန်းချန် record လုပ်ထားတဲ့ ဖိုင်ကို ရှောင်ကျန့်ကိုပြလိုက်တယ်။ စကြည့်တုန်းက ဘာလှုပ်ရှားမှုမှ မရှိခဲ့ပေမယ့် ကြာလာလေ ရှောင်ကျန့် တုန်လှုပ်လာလေပဲ။
ပြီးတော့ မြင်လိုက်ရတဲ့ အရာကြောင့် ထအော်မိမတတ် ဖြစ်သွားသည်။ တစ်ညလုံး ရှောင်ကျန့် အပေါ်မှာ ရှိနေခဲ့တာ အမည်းရောင် အခိုးအငွေ့နဲ့ အရိပ်ကြီး။
အစတုန်းက ကျန်းချန်တို့လဲ မမြင်မိပေမယ့် ခုမနက်ရောက်မှ မြင်မိသည်။လေးယောက်သား ကြောက်ကြောက်လန့်လန့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ဘာလုပ်ရမှန်းတောင် မသိဖြစ်နေကြသည်။
အထက်လမ်း ဆရာပဲ ပြေးခေါ်ရတော့မလိုလို ပရောဂ ဆရာပဲ ပြေးဆွဲရတော့မလိုလိုနဲ့ လေးယောက်သား တိုင်တွေပတ်နေကြသည်။ အချိန်အတော်ကြာ ငိုင်နေပြီးမှာ ရှောင်ကျန့်က
''အား''
''အားးးးးး''
''ငါမေ့နေတာ စာကြည့်တိုက်သွားရဦးမယ်''
''ဘောမို့ ထအော်တာလားကွာ ငါတို့ကို လန့်သေအောင်လုပ်နေတာလား''
ရှောင်ကျန့်အော်တာကြောင့် ကျန်းချန်တို့လည်း ကြောက်လန့်ပြီး အသံကုန်အော်တော့သည်။ စာကြည့်တိုက်သွားဖို့ မေ့လို့တဲ့ကွာ ဒီမှာ နှလုံးကြီးတစ်ခုလုံး ပြုတ်ကျသွားပြီတောင်ထင်လိုက်တာ၊
''ဆောရီးကွာ ငါလဲ ရုတ်တရက်သတိရသွားတာမို့''
ရှောင်ကျန့် သွားဖြီးပြပြီး မျက်နှာချိုသွေးလို့ ပြောလိုက်သည်။ ထိုအခါ ကျန်းချန်က မျက်စောင်းထိုးလာတယ်။ ထို့နောက် သက်ပြင်းချလိုက်သည်။ စိတ်လျှော့လိုက်တာဖြစ်မယ်၊
''သွားသွား ညကျရင် ငါတို့အဖြေ ပြနါရှာကြမယ်''
''အေး''
ရှောင်ကျန့်ထွက်သွားပြီးနောက် ယွီဘင်းတို့လဲ လုပ်စရာရှိတာ လုပ်နေလိုက်သည်။ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ ဆိုတာလိုက်မမှီတော့ဘူး။
မုန့်ယောင် ပြောသလိုဆို ခရီးက ပြန်ရောက်ထဲကဆိုတော့ သူတို့ နောက်ဆုံးခရီးသွားခဲ့တာ သုံးလေးလလောက်ကြာပြီ။ ဆိုတော့ ရှောင်ကျန့် တစ်ယောက်ခုလို ဖြစ်နေတာကြာပြီပေါ့။
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi