uni....
ရှောင်ကျန့်တို့ထွက်လာတာ ငါးနာရီကြာခဲ့ပြီးနောက်ဆုံးတော့ သူတို့ အရင်က သွားခဲ့တဲ့ တောကြီးဆီ ရောက်လာခဲ့သည်။
တောက ကြောက်ဖို့ကောင်းတာမျိုးတော့မဟုတ်ပေမယ့် ပဟေဠိတွေနဲ့ပြည့်နှက်နေတာမျိုးပေါ့။ ဒီတောက အဲ့လိုအချက်တွေနဲ့ နာမည်ကြီးတာ။
တောထဲမှာ ဟော်တယ်တွေနဲ့အပန်းဖြေစခန်းတွေ ရှိတယ်။ ရှောင်ကျန့်တို့လဲ အနားယူဖို့နေရာကိုရှာရန် တောထဲဝင်ခဲ့သည်။ တောထဲဝင်ဝင်ခြင်း တစ်ခုခုရဲ့ဆွဲထားတဲ့ခံစားချက်ကို ခံစားရသည်။
လမ်းလျှောက်တဲ့အခါမှာလဲ လေးလံနေသည်။ မသိစိတ်ထဲကနေ တစ်ခုခုက သူရောက်လာလို့ပျော်နေတယ်လို့လဲ ခံစားမိသည်။
''ရှောင်ကျန့် မြန်မြန်လာလေကွာ ရှေ့မှာ ဟိုတယ် ရောက်ပြီ''
''အေး''
မနဲအားယူလို့ ရှောင်ကျန့် ယွီဘင်းတို့ကို အမီလိုက်သည်။ နောက်ဆုံးတော့မီသွားတာမို့ လေးယောက်သား ဟိုတယ် ထဲ ဝင်သွားလိုက်သည်။ ဟိုတယ်က ဝန်ထမ်းတွေ အားလုံးက ရိုသေစွာကြိုဆိုလို့ နှုတ်ဆက်လာကြသည်။
''သခင်လေးတို့ကို ကြိုဆိုပါတယ်''
ရှောင်ကျန့်တို့လေးယောက်လုံးက နာမည်ကြီးအိမ်တော်တွေကပဲမို့ အားလုံးက သိကြသည်။ သူတို့မရောက်ဖူးတဲ့နေရာကလူတွေတောင် ရှောင်ကျန့်တို့ကို သိသည်။
ဘာလို့ဆို အိမ်တော်တစ်ခုက ပွဲတစ်ခုကျင်းမတာနဲ့ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်လေ့ရှိတာကြောင့် အားလုံးက ဘယ်သူက ဘယ်အိမ်တော်က ဆိုတာကိုသိနေကြတာ။
ရှောင်ကျန့်တို့ ခေါင်းညိမ့်လို့ ကြိုဆိုတာကို လက်ခံကြောင်းပြလိုက်သည်။ ထို့နောက်ဝန်ထမ်းမလေးအချို့က အထုတ်တွေ ဝိုင်သယ်ပေးသည်။ ရှောင်ကျန့်တစ်ယောက် ဟိုတယ် ပြတင်းပေါက်နေ မြင်နေရတဲ့ တောကြီးကို ငေးလို့ကျန်နေခဲ့သည်။ကျန်တဲ့သုံးယောက်ကတော့ အပေါ်တက်သွားခဲ့ပြီ။
''ရှောင်သခင်လေး သူငယ်ချင်းတွေနဲ့လိုက်မသွားဘူးလားး''
ဟိုတယ် မန်နေဂျာအဖိုးကြီးက ပြောလာတာမို့ ရှောင်ကျန့်ကလဲ
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi