uni....
လင်းထိန်နေတဲ့ အိမ်တော်ရဲ့မီရောင်တွေကြောင့်ရှောင်ကျန့် မျက်စိကြိမ်းသွားသည်။ဒါကိုသိသွားတဲ့ရှေ့က ကောင်လေးက နောက်တစ်ချက် လက်ဖျောက်တီးလို့အလင်းရောင်ကိုလျှော့ပေးသည်။ နောက်ပြီး ပြောလာတာက
''ကိုယ်တို့ရဲ့ အိမ်တော်ထဲကနေ ကြိုဆိုပါတယ် ရှောင်ကျန့်''
''ဟင် မင်း ဘာတွေ ပြောနေတာလဲ ဟုတ်သား ငါ့သူငယ်ချင်းတွေရော''
''အော်သူတို့လား စိတ်မပူပါနဲ့ သူတို့အဆင်ပြေပါတယ်''
''သူတို့ဘယ်မှာလဲ''
''ဒီမှာလေ''
ရုတ်တရက် ပေါ်လာတဲ့ ကျန်းချန်တို့သုံးယောက်လုံးကို ကြည့်ကာ ရှောင်ကျန့် သွေးပျက်သွားသည်။ အဲ့တာထက် ပိုဆိုးတာက သူတို့အနောက်မှာ ရပ်နေတဲ့ သူတွေ။
ဟွိုင်ခွမ်းကော နဲ့ မုန့်ယောင် ပါးစပ်မှာလဲ သွေးတွေနဲ့။ ရှောင်ကျန့် အလန့်တကြား ကျန်းချန်နဲ့ယွီဘင်းကို ကြည့်မိတော့ လည်ပင်းမှာ ကိုက်ရာကိုယ်စီ ရှိနေကြပြီး ထိုကိုက်ရာကနေ သွေးတွေစီကျနေသည်။ မဖြစ်နိုင်တာ ဘယ်လိုလုပ်။ ငါတို့မှာဘာမှ ပြင်ဆင်ချိန်တောင်မရလိုက်ဘူးလေ။
ရှောင်ကျန့် တုန်လှုပ်စွာ ရှေ့က လူကိုကြည့်တော့ ထိုလူက ပြုံးနေတဲ့မျက်နှာနဲ့'
''တွေ့လား သူတို့ အဆင်ပြေပါတယ်ဆို အခုတော့ ကိုယ်တို့ စကားပြောရအောင်''
''မင်းဘယ်သူလဲ''
''ရိပေါ် ငါ့နာမည် ဝမ်ရိပေါ်၊ ဒီနေ့ကစပြီး မင်းကို ငါပိုင်သွားပြီ၊ မင်းသူငယ်ချင်းတွေကို လည်း စိတ်မပူပါနဲ့ ငါဘာမှမလုပ်ဘူး သူတို့ကို စိတ်တောင်မဝင်စားဘူး ၊ သူတို့ကို ငါ့အကိုနဲ့ငါ့သူငယ်ချင်းက ဂရုစိုက်ပေးလိမ့်မယ့် ဒါမယ့် မင်း မင်းကိုတော့ ငါကိုယ်တိုင်ဂရုစိုက်ပေးမယ်''
''တကယ်ပဲ မင်းက ဘာလဲဝမ်ရိပေါ်''
''သိချင်တာလား ဒါဆိုလဲ ပြရတာပေါ့''
ရိပေါ်ပါးစပ်ထဲက ထွက်လာတဲ့အစွယ်နှစ်ချောင်းက ရှောင်ကျန့် လည်ပင်းနား ကပ်လို့ နီးနီးဖြစ်နေချိန်မှာ ကျန်းချန်တို့ဆီကနေ အသံထွက်လာသည်
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi