uni...
ရှောင်ကျန့်သတိပြန်ရလာတော့ ဘေးမှာ ဘယ်သူမှရှိမနေ။ ရိပေါ်လဲမရှိသလို ကျန်းချန်တို့လဲမရှိ။မနေ့က သူနဲ့ရိပေါ်ပဲဒီအိမ်တော်ထဲမှာနေခဲ့တယ်ဆိုတာ ရှောင်ကျန့်မှတ်မိသေးသည်။
လည်ပင်းကိုစမ်းကြည့်တော့ နာကျင်မှုတွေမရှိတော့ဘူ။အဲ့အစားလည်ပင်းမှာ ကိုက်ရာသေးသေးလေးသာ ကျန်ခဲ့သည်။ ရှောင်ကျန့်လက်က ဒဏ်ရာကလည်းဆေးထည့်ခံထားရပြီး ပတ်တီးစည်းပေးထားသည်။
ရှောင်ကျန့်ဒါတွေအားလုံးကိုရိပေါ်လုပ်ပေးတာလို့ သတ်မှတ်လိုက်တယ်။ ထို့နောက် အားအင်ပြည့်သွားပြီမို့ အပြင်ထွက်လာလိုက်သည်။ ရှောင်ကျန့်အပြင်ရောက်တော့ ပန်းခြံထဲမှာထိုင်နေတဲ့ ကျန်းချန်တို့ကိုတွေ့လိုက်ရသည်။ ရိပေါ်ကိုတော့မတွေ့သေး။
ကျန်းချန်နဲ့ယွီဘင်းက ရှောင်ကျန့်လာတာကိုမြင်တာနဲ့ ဖက်ကြသည်။ သူတို့လည်း တော်တော်လေးလန့်သွားမှာပဲ။ ရှောင်ကျန့် ကျန်းချန်တို့ကို ပြန်ဖက်လို့ ပတ်ဝန်းကျင်ကို ကြည့်တော့ ဘေးပတ်လည် ချုံပုတ်တွေ ပြည့်နှက်လို့ မြူခိုးတွေကလည်း ဝန်းရံထားသည်။
နောက်ကအိမ်ကိုပြန်ကြည့်တော့ ပထမ နေခဲ့တဲ့အိမ်ထက်တောင် ကြောက်ဖို့ကောင်းနေသေးသည်။ ဒီအိမ်ကြီးထဲမှာရှိနေတုန်းက သေချာသတိမထားမိပေမယ့် ခုမှ စိတ်ခြောက်ခြားစရာအငွေ့အသက်တွေကို ခံစားမိသည်။
''ကျန်းချန် ရိပေါ်ရော???'''
''ငါလဲမသိဘူး သူတို့က မိုးလင်းတာနဲ့ ပျောက်သွားကြတာပဲ''
ဒါဆို အရင်နေ့က အတိုင်းပဲ ညနေစောင်းခါနီးမှ သူတို့ ပြန်လာလိမ့်မယ်။ ရှောင်ကျန့် ကျန်းချန်ကို အချက်ပြလို့ သူတို့ ရေတွင်းရှာရမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပြောတော့
''ကျန့်ကျန့် မင်းကို မလိုက်စေချင်ဘူး မင်းပင်ပန်းနေသေးတယ်''
''ငါရတယ် ငါအဆင်ပြေနေပြီ သွားရအောင်ကွာ''
''ရှောင်ကျန့် ငါယွီဘင်းပြောတာကိုထောက်ခံတယ် မင်းဒီမှာပဲနေခဲ့ပြီး အနားယူနေပါ''
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi