uni.....
ရှောင်ကျန့် မနေ့ညကအိပ်တာ ဘာအိမ်မက်မှမမက်သလို ပြည့်ပြည့်ဝဝအိပ်ပျော်တာမို့ ဒီမနက်တက်ကြွနေသည်။
ဘေးကိုကြည့်တော့ တစ်ယောက်တည်းမျက်တွင်းညိုညိုတွေနဲ့ ထိုင်စဉ်းစားနေတဲ့ ကျန်းချန်ကို တွေ့ရသည်။ သူ့ဘေးမှာက မုန့်ထုပ်ကြီးပိုက်ပြီး အိပ်ပျော်နေတဲ့ မုန့်ယောင်ရယ် မုန့်ယောင်ကိုခွထားတဲ့ ယွီဘင်း။
ရှောင်ကျန့် ကျန်းချန်ကိုကြည့်ကာ တစ်ခုခုဖြစ်နေမှန်းသတိထားမိတာမို့
''ကျန်းချန် မင်းအဆင်ပြေရဲ့လား''
ရှောင်ကျန့်ကိုပြန်ကြည့်လာတဲ့ ကျန်းချန်က အသိစိတ်လွတ်နေသလို။ လှုပ်ရှားမှုတွေက နှေးကွေးသည်။ခေါင်းမော့ပြီး ကြည့်ဖို့တောင် အချိန် ငါးစက္ကန့်လောက်ကြာသည်။
ရှောင်ကျန့်ကိုတွေ့တာနဲ့ တဖြေးဖြေးထကာ ရှောင်ကျန့်ဆီကိုလာနေတဲ့ ကျန်းချန်က ဖုတ်ကောင်တွေလိုပဲ အရမ်းကိုနှေးတာမို့ ရှောင်ကျန့်ကပဲ ကျန်းချန်ဆီကို သွားလိုက်တယ်။
ရှောင်ကျန့် ကျန်းချန်ဆီကို ရောက်တာနဲ့ ကျန်းချန်က ဆွဲဖက်တာမို့ ရှောင်ကျန့်လဲ အလိုက်သင့် ပြန်ဖက်ပေးထားသည်။ ညက သူမသိတာ တစ်ခုခုများဖြစ်ခဲ့တာလားလို့တွေးမိတော့ ကျန်းချန်ကိုမေးရန် ပြင်လိုက်သည်။
သို့သော် ကျန်းချန်က ရှောင်ကျန့်ကိုဖက်လျက်သားနဲ့ အိပ်ပျော်နေသည်။ ရှောင်ကျန့်နာရီကိုကြည့်လိုက်တော့ လေးနာရီခွဲနေပြီမို့ မနက်စာပြင်ရန် ကျန်းချန်ကို ကုတင်ပေါ်တင်ပြီး အဆောင်က မီးဖိုချောင်ဆီ ထွက်လာလိုက်တယ်။
ညက အိပ်ရေးဝတာမို့ တက်ကြွနေတဲ့ ရှောင်ကျန့်တစ်ယောက် သူ့အနောက်က အရိပ်လိုလို ဟာကြီးကိုတော့ မသိခဲ့ဘူး။
မီးဖိုချောင်ဆီ ဪောက်တော့ သူ့စိတ်တွေ လေးလံသွားတယ် ။ နေ့တိုင်းချက်ပြုတ်နေကျ နေရာက ဒီနေ့မှာ ထူးဆန်းတဲ့ဖိအားအနည်းငယ်ကို ခံစားနေရသည်။ အများအိပ်ချိန်လဲဖြစ်နေတာကြောင့် တစ်ယောက်တည်းမို့ စိတ်ခြောက်ခြားတာလို့မှတ်ကာ ပြင်စရာရှိတာ မြန်မြန်ပြင်နေလိုက်သည်။ ရှောင်ကျန့် ဓားသုံးနေရင်းအတွေးတွေပျံ့နေတာမို့ ဓားက လက်ကိုထိကာ သွေးထွက်သွားသည်။
YOU ARE READING
Bloody Love ( completed )
VampirosRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi