uni...
နောက်နေ့ရောက်တော့ ရှောင်ကျန့်တို့ လေးယောက် အဖိုးကို နှုတ်ဆက်ကာ တောထဲသွားဖို့ပြင်ကြသည်။ အဖိုးအိုကိုကြည့်ရတာ တားချင်တဲ့ပုံပေါ်နေပေမယ့် နောက်ဆုံးတော့ ခွင့်ပြုပေးလာတယ်။
အဖိုးက ရှောင်ကျန့်ကို စာအုပ်တစ်အုပ် ပေးသည်။ လိုအပ်မှာပါ လို့လဲ ပြောတယ်။ နောက်ပြီးရှောင်ကျန့်တို့ထွက်မလာခင် အဖိုးပြောတာကို ကြားခဲ့သည်။
''ဟင်း သခင်လေးတို့ ဘေးကင်းပါစေ ရိပေါ်လေးလဲ ပျော်မှာပါ'' တဲ့။
ရှောင်ကျန့်တစ်ယောက် ဘာလို့ အဖိုးအဲ့လိုပြောလဲနားမလည်ခဲ့။ သူတို့က ဒီတိုင်းတောထဲသွားပြီး ဟိုရှာဒီရှာလုပ်ပြီး ပြန်လာမှာပဲကို ဘေးတွေ့နိုင်မှာမှမဟုတ်တာ။
လေးယောက်သား တောထဲဝင်လာတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာမှထူးခြားတာမတွေ့။
''ရှောင်ကျန့် မင်းကို ငါပေးထားတဲ့ ဆွဲကြိုး ဆွဲထားလား''
''အင်း ဒီမှာလေ''
ကျန်းချန်မေးတာကို ရှောင်ကျန့် ပြန်ဖြေလို့ လည်ပင်းကဆွဲကြိုးကို ထုတ်ပြလိုက်သည်။ ကျန်းချန်အစကတော့ ဘာမှထူးခြားမှုမရှိဘူးလို့ထင်ခဲ့ပေမယ့် အမှတ်မထင် သွေးစက်ကိုမြင်လိုက်တာကြောင့်
''ရှောင်ကျန့် အဲ့ဆွဲကြိုးခုချွတ်လိုက်''
''ဘာလို့လဲဟ''
ရှောင်ကျန့်ပါးစပ်ကသာ မေးနေပေမယ့် လက်ကတော့ ချွတ်ပြီးနေပြီ။ ကျန်းချန် ဆွဲကြိုးကို ယူလို့ကြည့်လိုက်တော့သူမြင်တာမမှားမှန်း သိသွားသည်။
''ဒီသွေးစက်က ဘာလို့ ဆွဲကြိုးပေါ်ရောက်နေတာလဲ''
''အမ်..ငါလဲမသိဘူး မင်းပေးတဲ့နေ့ထဲက ဆွဲထားတာ တစ်ခါမှလဲ မချွတ်သလို သွေးလဲ မပေပါဘူး.. ဟာ ဟေ့ရောင် ကျန်းချန်''
ရှောင်ကျန့်ပြောနေရင်းတန်းလန်း ကျန်းချန်က ထိုဆွဲကြိုးကိုအဝေးသို့ လွှင့်ပစ်လိုက်သည်။ တောက်ခနဲ ထွက်လာတဲ့ အသံတစ်ခု။
ရှောင်ကျန့်တို့ လေးယောက်သားကျောချင်းကပ်လို့ ပတ်လည်ကို လိုက်ကြည့်နေမိသည်။ ဒါမယ့် အချိန်တစ်ခုကြာတဲ့အထိ ဘာမှ မရှိ။ လှုပ်ရှားမှုလဲ မရှိသလို လူလဲမရှိ။
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi