uni...
ရိပေါ် တို့ အရင်အိမ်တော်ကို သွားဖို့ ဆုံးဖြတ်ချက်ကို ရှောင်ကျန့်က မရရအောင်တားသည်။ သူနည်းလမ်းရှာပေးမယ်ဆိုတဲ့စကားတစ်ခွန်းနဲ့ မသွားဖို့ကို ငိုပြိးတောင်းပန်သည်။
ရိပေါ်လဲ ရှောင်ကျန့်မျက်ရည်ကျတာကိုကြည့်နိုင်လောက်တဲအထိ အသဲမာတဲ့သူမဟုတ်တဲ့အတွက် ခနတာအတွက်တော့ လက်ခံပေးလိုက်သည်။တစ်နေ့လုံးပင်ပန်းထားတဲ့ရှောင်ကျန့်အတွက် ရိပေါ်က စားဖို့တစ်ခုခု လုပ်ပေးသင့်တယ်လို့ထင်ကာ သူချက်တတ်တာလေး ချက်နေလိုက်သည်။
တကယ်တော့ချက်တတ်တာမဟုတ်ပေမယ့် အကောင်းဆုံးတော့ ကြိုးစားချက်သည်။ နောက်ဆုံးမနိုင်တော့တဲအဆုံး ဟွိုင်ခွမ်းကောက ကူပေးသည်။ သုံးနာရီကြာ ချက်ပြုတ်ပြီးနောက် ရိပေါ်ပန်းကန်ကိုယူလို့ ရှောင်ကျန့်ရှိရာ အခန်းထဲ ဝင်လာလိုက်သည်။ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ရှောင်ကျန့်ကို ကြည့်ပြိး ရိပေါ်သက်ပြင်းခိုးချလိုက်သည်။
စိတ်ချမ်းသာအောင် လက်ခံပေးထားပေမယ့် ဘယ်အချိန်ဟိုကောင်က အန္တရာယ်ပြုမယ်မှန်းမသိနိုင်တာမို့ ရိပေါ်မှာစိုးရိမ်နေရသည်။ ရိပေါ်ဝင်လာတာကိုတောင်မသိတဲ့အထိ ရှောင်ကျန့် နည်းလမ်းရှာနေသည်။ လိုင်းပေါ်ကနေ ရှာဖို့တွေးသော်လည်းခုခေတ်မှာ vampire ဆိုတာ cosplay တွေကလွဲလို့ ကျန်တဲ့သူက သိပ်မသိ။ ရှိသေးမှန်းတောင် မသိကြတဲ့ ခေတ်ကြီးမှာ ရှာနေရတာဆိုတော့ ထင်သလောက်အကူအညီမ
ဖြစ်ဘူး ။ ရှောင်ကျန့်ဖုန်းကိုချလို့ မျက်လုံးမှိတ်ကာ တစ်ခုခုစဉ်းစားနေသည်။ ရိပေါ်ကလည်း အနှောင့်အယှက်ဖြစ်မှာဆိုးလို့ အသံတိတ်စောင့်ကြည့်နေသည်။ ရုတ်တရက် အကြံရသွားတဲ့ ရှောင်ကျန့်က ချက်ချင်းထလို့ အခန်းအပြင်ကိုထွက်သွားသည်။
တံခါးဝမှာရပ်နေတဲ့ ရိပေါ်ကိုတောင် မတွေ့ဘဲ ကျော်သွားတာမို့ ရိပေါ်စိတ်ထဲထူးဆန်းတဲ့ခံစားချက်ကြီး ခံစားလိုက်ရသည်။ရှောင်ကျန့် ဒီကိုမလာခင်အဖိုးဆီကနေ စာအုပ်ငှားလာခဲ့သည်။ အဖိုးရဲ့ သိသမျှကို ရေးထားတဲ့ စာအုပ်မို့ နည်းလမ်းများ ပါမလာဆိုတဲ့စိတ်နဲ့ ပြေးလာခဲ့တာ လမ်းမှာ ဘယ်သူတွေရှိလို့ရှိမှန်းတောင် မသိလိုက်။
YOU ARE READING
Bloody Love ( completed )
VampireRead this, I promise you won't get regret 😉 #yizhan #both_uni_and_zawgyi