Part 13

2.5K 253 1
                                    

uni.....

''အင်း ဖြစ်နိုင်ရင်ပေါ့''

ကျန်းချန် ဟွိုင်ခွမ်းကောရဲ့အဖြေကိုသဘောမကျဘူး။ တိကျမှုမရှိတဲ့အဖြေမျိုးဆို ကျန်းချန်က မုန်းတယ် ။ သူကိုယ်တိုင်အဖြေရှာဖို့သာ ဆုံးဖြတ်ထားလိုက်သည်။ ဒါမယ့်ကျန်းချန်စိုးရိမ်နေတာက

''ရှောင်ကျန့် သူလုပ်နိုင်ပါ့မလား''

ဆိုတဲ့မေးခွန်းကို ပဲ။ တကယ်ပဲ လုပ်နိုင်ပါ့မလား။ ခုလိုပုံစံနဲ့ဆိုရင်တော့ ရင်လေးစရာပဲ။ မနေ့ညက ရိပေါ် ဒဏ်ရာရနေချိန်မှာရှောင်ကျန့် ဘယ်လောက်တောင် တုန်လှုပ်နေခဲ့လဲဆိုတာ ကျန်းချန်တို့ အမြင်ပဲမို့ မလွယ်ကူလောက်ဘူးလို့ခံစားနေရသည်။ အများကြီး ရင်းရမှာ ရှောင်ကျန့်အနေနဲ့ ရိပေါ်ကို သတ်ဖို့ဆို။

ကျန်းချန်တို့ အိမ်တော်ကို ပြန်ရောက်တော့ ရိပေါ်နဲ့ ရှောင်ကျန့်တို့ကပျော်ရွှင်စွာ စကားတွေပြောနေကြသည်။ သူတို့ဝင်လာတော့ရှောင်ကျန့်ကအလှဆုံးပြုံးပြသည်။ 

ကျန်းချန်နဲ့အတူ ဝင်လာတဲ့သူတွေအားလုံး အံ့ဩသွားသည်။ နောက်ပြီး အလှဆုံးပြုံးနေတဲ့ ရှောင်ကျန့်ကို ကြည့်နေတဲ့ရိပေါ်က အကြင်နာမျက်ဝန်းတွေအပြည့်။ ဒီနှစ်ယောက်ရဲ့ ကံကြမ္မာက ထင်ထားတာထက်တောင် ဆိုးနေပါလားလို့တွေးမိတော့ ကျန်းချန် ငိုချင်စိတ်တွေတောင်ပေါက်လာသည်။

''ဘာတွေပြုံးနေတာလဲ ကျန့်ကျန့်''

''အဟီးးးး ဘာမှမဟုတ်ပါဘူး မုန့်ယောင်ရာ ဒီတိုင်းပျော်လို့''

''အယ် မင်းက ဘာတွေ ပျော်နေနိုင်တာလဲ''

ကျန်းချန်စိတ်ပေါက်ပေါက်နဲ့ပြောတော့ ရှောင်ကျန့်က''

''အိုက်ယားး မင်းအဲ့လိုဒေါသကြီးတာနဲ့တော့ ဟွိုင်ခွမ်းကောကို သနားတယ်ကွာ ဒေါသလေးလဲ လျော့ဦး''

အရင်လိုပြန်ဖြစ်နေသွားကာ ပျော်ရွှင်နေတဲ့သူငယ်ချင်းလေးယောက်ကို ကြည့်လို့ ရိပေါ်နဲ့ဟွိုင်ခွမ်းပြုံးနေမိသည်။ ဒါမယ့် တစ်ခနတာ အပြုံးမှာ ဝမ်းနည်းမှုတွေကြီးစိုးနေတာကတော့ ရိပေါ်မျက်ဝန်းတွေပဲ။ ရှောင်ကျန့်ကို ကြည့်နေတဲ့ ကြေကွဲနေတဲ့ အကြည်တွေနဲ့ ရိပေါ်ကိုကြည့်လို့ ဟွိုင်ခွမ်း သက်ပြင်းချရုံတစ်ပါး ဘာမှ မလုပ်နိုင်ခဲ့။

Bloody Love ( completed )Where stories live. Discover now