Part 7

3.1K 337 3
                                    

Uni ...

P-7


''မဖြစ်ရဘူး''

အထဲကနေ ရိပေါ်ရဲ့အော်သံကြိးပျံ့လွင့်လာသည်။ ဖုန်းခိုင်လဲ ချက်ချင်းအိမ်ထဲပြေးဝင်လို့ ကြည့်မိတော့ မီးခိုးငွေ့တွေကြားထဲ အသက်ရှုရပ်တန့်နေတဲ့ သခင်လေးခန္ဓာကိုယ်ကိုသာ တွေ့ရသည်။ 

ရိပေါ်ကိုတော့ မတွေ့။ ဘေးပတ်လည်ရှာကြည့်တာလဲ ဘယ်သူမှ ရှိမနေ။ ပြာပုံထဲ ခွေလဲနေတဲ့ သခင်လေးကို ကြည့်လို့ ဖုန်းခိုင် ငိုတော့သည်။

''သခင်လေး သခင်လေး ကျတော့်ကို မနောက်ပါနဲ့ဗျာ၊ ထ-ထပြီး ဆော့ရအောင်လေနော် ကျတော် သခင်လေးကို ပျော်အောင်ထားပါ့မယ် ထပါ့တော့နော် ''

ဖုန်းခိုင် သခင်လေးကိုယ်ကို လှုပ်ကိုင်လို့နှိုးသော်လည်း လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်ကသာ အဖြေပြန်ပေးသည်။ ဒီလောက် တားနေတဲ့ ကြားထဲက ရိပေါ်ကိုကယ်ဖို့သွားတဲ့ သခင်လေးကို ဖုန်းခိုင်း အပြစ်တင်ချင်သည် သို့သော် မတင်ရက်။

သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့ သံယောဇဉ်တွေကြား မွေ့ပျော်နေခဲ့တဲ့ သခင်လေးက သူချစ်တဲ့ သူအတွက် အသက်စွန့်သွားခဲ့သည်။

ဖုန်းခိုင် သခင်လေးကိုယ်ကို ပွေ့လို့ အိမ်အပြင်ကိုထွက်လာခဲ့သည်။ သခင်ကြီးနဲ့ သခင်မကြီးတို့က မေ့လဲနေတာမို့ အဖေက ဆေးရုံကားကိုခေါ်ကာ အလုပ်ရှုပ်နေစဉ်

''အဖေ ကျတော်တို့ သခင်လေးကို နေရာချရအောင်''

အဖေက ပြန်လှည့်လို့ ဖုန်းခိုင်လက်ထဲက သခင်လေးကို ပွေ့ဖို့လုပ်တာမို့

''မကိုင်နဲ့ မ မကိုင်ပါနဲ့ သခင်လေး နာမှာဆိုးလို့ ကျတော်ပဲ သယ်လာပါ့မယ်''

ဖုန်းခိုင် အဖေကို ပြောလိုက်ပြီး လမ်းတစ်လျှောက်လုံးသခင်လေးကို ကိုင်ထားသည်။​ဆေးရုံမှာ သခင်လေးခန္ဓာကိုယ်ကို သန့်စင်ပေးတဲ့ အချိန်ထိ ဖုန်းခိုင် သခင်လေး အနားကနေ တဖွါးမှမခွါခဲ့။

အားလုံးပြီးစီးသွားတော့ နတ်သားလေးလိုဖြစ်သွားတဲ့သခင်လေးကို ကြည့်လို့ ဖုန်းခိုင် ပြုံးမိသည်။ ထူးထူးခြားခြား သခင်လေးက ပြုံးလို့‌နေရဲ့။

Bloody Love ( completed )Where stories live. Discover now