တစ်ချိန်က အရမ်းကိုအနေအေးပြီး မာနကြီးပါတယ်လို့တင်စားခံရတဲ့မိန်းကလေးတစ်ယောက်ရယ် အမြဲတမ်းသွက်လက်ထက်မြက်ကာ စာတော်လွန်းပြီး မဟုတ်မခံစိတ်ရှိတဲ့ကောင်မလေးတစ်ယောက်ရယ်က အခုချိန်မှာ လူတိုင်းရဲ့မျက်ဝန်းထဲမှာ လိုက်ဖက်ညီတဲ့အတွဲလေးအဖြစ် တင်စားခံနေရသည်
အရမ်းကိုအေးဆေးတည်ငြိမ်တဲ့liliက အတန်းထဲကသူများနဲ့လုံးဝ စကားသိပ်မပြောတတ်ပေ သူ့သူငယ်ချင်းတွေနဲ့ youngရယ်jenရယ်လောက်သာ စကားပြောဆိုတတ်သည် တလေတခါ သူ့သူငယ်ချင်းတွေ liliကို စလို့ liliစိတ်ဆိုးပြီဆိုရင် အရမ်းကြောက်ဖို့ကောင်းပါသည် တခြားသူတွေလိုအော်ဟစ်ပြီးဒေါသတွေထွက်တာမဟုတ်ပဲ အေးစက်စက်မျက်ဝန်းတွေ တည်ငြိမ်တဲ့လေသံနဲ့ တစ်ဖက်လူရဲ့မျက်ဝန်းကိုစိုက်ကြည့်ကာ " သူများမကြိုက်တာငါမလုပ်သလို ငါမကြိုက်တာလည်း နင်တို့လာမလုပ်ကြနဲ့ ကိုယ့်စည်းနဲ့ကိုယ်နေ" ဆိုပြီးတစ်လုံးချင်းကိုအေးစက်စွာပြန်ပြောတတ်တဲ့ liliကြောင့် တော်ရုံတန်ရုံသူငယ်ချင်းများက မစရဲပေ
အဲ့လိုအေးစက်ပြီးကြောက်ဖို့ကောင်းတဲ့liliကyoungဆိုရင်ရော ဘယ်လိုတုန့်ပြန်မလဲသိချင်တာကြောင့်အခုလို စလိုက်မိသည်"Young ရယ်လုပ်ပြန်ပြီကွာ liliကိုဆိုသိပ်အနိုင်ကျင့်တာပဲကွာ"
သူများတွေအပေါ်ဆက်ဆံသလို အေးစက်တဲ့မျက်ဝန်းအကြည့်တွေ တည်ငြိမ်တဲ့လေသံနဲ့ပြောနေတာမဟုတ်ပဲ ကလေးတစ်ယောက်လိုအလိုမကျတဲ့ပုံစံနဲ့ youngကိုပြောနေတဲ့ liliပုံစံကတကယ်ပင် အသည်းယားစရာကောင်းလှသည်
"လာပါ liliရယ် youngပြန်လုပ်ပေးပါ့မယ်"
"မရဘူး youngရ ဒါက ဆံပင်ကိုဖြတ်လိုက်မှရမှာ""တောင်းပန်ပါတယ် liliရယ် youngမှားပါတယ်"
"မတောင်းပန်ပါနဲ့ youngရယ် youngမမှားပါဘူး အခုliliဆံပင်လေးကို ဖြတ်လိုက်ရင်ရပါတယ်"
Youngအပေါ်ဆို သိပ်ကိုကြင်နာတတ်တယ် အနစ်နာလည်းခံတတ်တဲ့ liliကို young အနိုင်ကျင့်သလိုဖြစ်သွားသည် အခုliliရဲ့ဆံပင်လေးကို ပီကေနဲ့ကပ်လိုက်တာကို liliကစိတ်မဆိုးတဲ့အပြင် youngကိုပါပြန်ချော့နေသည် liliရယ် youngကိုအဲ့လောက်ထိချစ်တာလား😭
ВЫ ЧИТАЕТЕ
Fight For Our Silent Love
Любовные романыBoth Zawgyi & Unicode First time Chaelisa fic for Chaelisa shippers ကိုယ်တိုင်ကလည်း Chaelisa shipper ဖြစ်တော့ Chaelisa ficတွေဖတ်ရရင်သိပ်ပျော်တာ ficတွေဖတ်တာများတော့ ficလေးရေးကြည့်ချင်စိတ်ပေါက်လာလို့ ပထမဆုံးအနေနဲ့ Chaelisa shipper လေးတွေအတွက်ရည်ရွယ်ပ...