Part -19

710 83 24
                                    

At 11:00 Am
အချိန်ကား မနက်ခင်းကျောင်းဆင်းချိန်ဖြစ်သည်

"ယောင်း....လီလီ ဒီနေ့အိမ်ပြန်ထမင်းစားမှာဆိုတော့ ကျောင်းရောက်တာခါတိုင်းထက် နည်းနည်းနောက်ကျလိမ့်မယ်"

"ဟင် ယောင်းတို့အိမ်လိုက်စားလေ လီလီကလည်း"

ယောင်းက ကျမကိုချွဲသယောင်ပုံစံလေးနဲ့ပြောလာသည်
"ရပါတယ် လီလီက အိမ်ပြန်စားနေတုန်း ယောင်းက ကျောင်းရောက်နှင့်ရင် သူငယ်ချင်းတွေနဲ့ဆော့နေပေါ့
ယောင်းလည်းဆော့ချိန်ပိုရတာပေါ့"

"မြန်မြန်တော့ လုပ်ခဲ့နော် လီလီ''

"ဟုတ်ပါပြီ
အော် ဒါနဲ့ ယောင်းကိုပြောရအုံးမယ်
လီလီမရောက်ခင်ထိ သူငယ်ချင်းတွေနဲ့ဆော့လို့ရပေမယ် လီလီရောက်ရင် ယောင်း စာကျက်ရမယ်နော် သဘောတူလား"

"ဟင် လီလီကလည်း အတန်းနားချိန်လေးတော့ အပြည့်ဝနားပါရစေ နော် နော်"
ဒီကောင်မလေးကတော့ အရမ်းချွဲတတ်တာပဲ
သူအဲ့လိုချွဲရင် ဒီလူက အရည်ပျော်ကျပြီး သူ့အကြိုက်လိုက်ရောမိရော ဒါမယ့် ဒီအရာတော့လိုက်ရော၍မဖြစ် ချစ်ရတဲ့သူ့ကို သူများထက်သာစေချင်သည် ထို့ကြောင့် လီလီ....ယောင်းကို ချုယ်ချယ်ပါရစေ

"ယောင်း...အဆင့်ကျထားတယ် မရဘူး
ဘာမှလာမပြောနဲ့ ဒါပဲ သွားပြီနော်"

လီလီက ကျမကိုသိပ်ချုပ်ချယ်တာ
ချုယ်ချယ်မှု့တွေကို သိပ်မုန်းတဲ့ကျမ
ဒါမယ့် လီလီရဲ့ချုယ်ချယ်မှု့တွေကိုတော့
သဘောကျတယ်
ဘဝမှာ မေမေနဲ့ဖေဖေက လွဲရင် ဘယ်သူအမိန့်ပေးတာမှမနာခံတတ်တဲ့ကျမက တခါတလေ လီလီရဲ့အမိန့်ဆန်တဲ့စကားတွေကို စိတ်လိုလက်ရ ပြုံးပြုံးကြီး ကျေနပ်စွာ လိုက်နာခံယူပြီးသား
ကျမရဲ့အားနည်းချက်က ဘာလဲဆိုရင်
"လီလီ"ဖြစ်လိမ့်မည်
ဟုတ်တယ် ကျမ လီလီကိုဆုံးရှုံးရမှာအရမ်းကြောက်တာ လီလီရဲ့အခုလို နွေးထွေးမှု့တွေ ချုပ်ချယ်မှု့တွေ အမိန့်ဆန်တဲ့စကားလေးတွေကို ကျမတစ်ယောက်တည်းအတွက်သီးသန့်ဖြစ်စေချင်တာ ကုန်ကုန်ပြောရရင် လီလီဆိုတဲ့ ကောင်မလေးရဲ့မွေးဖွားခြင်းက ကျမအတွက်ပဲဖြစ်စေချင်တာ
ကျမ သိပ်ကိုအတ္တကြီးသွားပြီမလား
လီလီနဲ့ပတ်သတ်ရင် ကျမ အတ္တကြီးပါရစေ

Fight For Our Silent LoveWhere stories live. Discover now