"မသွားနဲ့"
"ဟင် ယောင်းလေး..."
"သတိရနေတာ......."ရုတ်တရက် ယောင်းဆီက လက်ဆွဲခံလိုက်ရပြီး လီလီ့ကို သတိရတယ်လို့ပြောလာတဲ့ ယောင်းကို အချိန်အတော်ကြာ လီလီ ကြောင်အမ်းပြီးရပ်ကြည့်နေမိသည်
"လီလီ့ကို အရမ်းလွမ်းနေခဲ့ရတာ"
ယောင်းရဲ့နှုတ်ခမ်းဖျားလေးကနေ လီ့လီ့ကိုလွမ်းဆွတ်နေကြောင်းကြားရတော့ ဝမ်းသာလွန်းလို့ မျက်ရည်ကျမိသည်
ယောင်းကို လီလီလွမ်းနေသလို ယောင်းကလည်း လီလီကိုလွမ်းနေတယ်ပေါ့
လီလီပျော်လိုက်တာ"လီလီလည်း လွမ်းနေခဲ့တာ"
"ဘယ်သူ့ကိုလဲ "
မျက်နှာလေးငြိုးငယ်ကာ နှုတ်ခမ်းလေးစူပြီး
ရီဝေဝေဖြစ်နေတဲ့မျက်ဝန်းတစ်စုံမှာ မျက်ရည်စက်တို့တွဲခိုလျှက် လီလီ့ကိုမေးလာတယ်
လီလီ့လက်ကိုဆွဲထားတဲ့ယောင်းရဲ့လက်လေးကိုပြန်လည်ဆုတ်ကိုင်ပြီး ယောင်းရဲ့ကုတင်ဆီသွားကာယောင်းဘေးလေးထိုင်လိုက်သည်"ယောင်းကိုပေါ့
လီလီ ယောင်းကို အချိန်တိုင်းသတိရနေတာ"
" မယုံပါဘူး
ဒါဆိုဘာလို့ ယောင်းလာတာကိုထွက်မကြိုတာလဲ"ရစ်လုံးကတော့ တကယ်ရစ်ပြီ
လီလီတော့ မသောက်ပဲမူးတော့မယ်ထင်တယ်"Unnieက ဆရာမဒါဒါ ညီမလို့ပဲပြောတာ
ယောင်းလို့မှမပြောတာ
လီလီက ယောင်းကိုဆရာမဒါဒါညီမလို့မှမသိတာ ယောင်းလည်းလီလီ့ကိုပြောမပြဖူးဘူးလေ""မသိဘူး စိတ်ဆိုးတယ်
ဒီကတော့ သူ့တွေ့ရမှာဆိုပြီး တစ်လမ်းလုံးအတွေးနဲ့ပျော်လာတာ
ဒီရောက်တော့ တွေးထားနဲ့လွဲ ပြီးအပျော်တွေပျက်ကုန်တယ် အဲ့တာလီလီကြောင့်"မျက်နှာလေးစူပုတ်ပြီး တစ်ဖက်လည့်အိပ်ပြီးမျက်နှာလွှဲသွားကာစိတ်ကောက်သွားတဲ့ချစ်ရတဲ့ယောင်းလေးရဲ့အမှုရာလေးတွေ လီလီမျက်လုံးထဲ အချိန်တိုင်းချစ်စရာကောင်းနေသည်
"စိတ်မဆိုးပါနဲ့ ယောင်းရယ်
လီလီ ယောင်းမှန်းတကယ်မသိလို့ပါ"ယောင်းက စကားတစ်ခွန်းမှမပြောပဲတိတ်ဆိတ်နေသည်မို့ လီလီလည်း ယောင်းကုတင်ပေါ် ယောင်းနဲ့အတူလဲအိပ်လိုက်ပြီး လီလီ့ကိုကျောပေးထားတဲ့ ယောင်းရဲ့ ခန္ဓာကိုယ်လေးက ခါးသွယ်သွယ်လေးကို ဖက်ထားလိုက်သည်
![](https://img.wattpad.com/cover/253457955-288-k257823.jpg)
KAMU SEDANG MEMBACA
Fight For Our Silent Love
RomansaBoth Zawgyi & Unicode First time Chaelisa fic for Chaelisa shippers ကိုယ်တိုင်ကလည်း Chaelisa shipper ဖြစ်တော့ Chaelisa ficတွေဖတ်ရရင်သိပ်ပျော်တာ ficတွေဖတ်တာများတော့ ficလေးရေးကြည့်ချင်စိတ်ပေါက်လာလို့ ပထမဆုံးအနေနဲ့ Chaelisa shipper လေးတွေအတွက်ရည်ရွယ်ပ...