Part -24

613 77 13
                                    

ဒီနေ့  ပရဟိတအဖွဲ့စည်းတစ်ခုက ကျောင်းမှာလိုအပ်တာတွေ လာလှူကြမယ်တဲ့
ကျောင်းရဲ့လိုအပ်ချက်တွေကို လာရောက်လှူဒါန်းတဲ့ ပရဟိတအဖွဲ့စည်းကို ကျောင်းသားများက အကများဖြင့်ကြိုဆိုရန် ကျောင်းအုပ်ကြီးက ညွှန်ကြားထားသည် ထိုအဖွဲ့ကို ဧည့်ခံဖို့အတွက်လည်း ဆရာမတွေနှင့်အတူ ကျောင်းသားအချို့လည်း အလုပ်ရှုပ်နေကြသည်

"ချယ်ယောင်းတို့အဖွဲ့ ပြီးရင် ကျောင်းခန်းမထဲသွားတော့ "

ဆရာမ jisooက ပြောပြီး ပြာယာပြာယာဖြင့်ထွက်သွားလေသည်
ချယ်ယောင်းနှင့်အတူ ကောင်မလေး လေးယောက် ဆရာမ jisooနောက်က လိုက်သွားကြသည်

" ယောင်း....."
လီလီ ခေါ်သံကို ယောင်းကြားပုံမပေါ်
ယောင်းကြည့်ရတာလည်း အလျင်စလိုဖြစ်နေပုံပေါ်သည် ထို့ကြောင့် ဆက်မခေါ်တော့ပဲ ယောင်းလှုပ်ရှားမှု့လေးကိုသာ ကြည့်နေရင်း ပြုံးလိုက်မိပါသည်

" ဟဲလို.... ဟဲလို...ဟဲလို
ဆရာ/ဆရာမများနှင့် ကျောင်းသားများအားလုံး ကျောင်းခန်းမထဲမှာ နေရာယူပေးကြပါခင်မျာ"

မိုက်ထဲမှ ကျောင်းသားလေးတစ်ဦး၏ အသံလေး လေထဲပျံ့လွှင့်လာသည်
ဆရာ/ဆရာမများနှင့် ကျောင်းသားများလည်း ကျောင်းခန်းမဆီ ခြေလှမ်းတွေ ဦးတည်သွားနေကြသည်

ကျောင်းခန်းမထဲ ဝင်လာပြီး နေရာတစ်ခုမှာ ဝင်ထိုင်လိုက်သည်
ကျောင်းသားများ ကပြဖျော်ဖြေပွဲစတိတ်စင်ရဲ့ ရှေ့တွင် ကျောင်းအုပ်ကြီးနှင့်အတူ ပရဟိတအဖွဲ့က အကို အမများ ထိုင်နေကြသည်
နောက်တွင် ဆရာ/ဆရာမ တချို့ထိုင်နေကြပြီး ဆရာမတွေနောက်တွင် အကဖွဲ့များထိုင်ရပြီး ထိုအကဖွဲ့နောက်တွင် ကျောင်းသားများ နေရာယူထိုင်နေကြသည် ကျောင်းသားများနောက်တွင်လည်း စည်းကမ်းထိမ်းသိမ်းရန် ဆရာ/ဆရာမ တချို့ထိုင်နေကြသည်

"မဂ်လာပါရှင်
ကျမကတော့ ဒီနေ့အတွက် အခမ်းနားမှုးအဖြစ် ဆောင်ရွက်မည့်သူ ရှင်ဟေး ဖြစ်ပါတယ်"

" ဒီပွဲလေးရဲ့ အစီအစဥ်များကို ကျမ အခုကြေငြာပေးပါ့မယ်ရှင်
အစီအစဥ်တစ်အရ အခမ်းနားဖွင့်လစ်ကြောင်း ကြေငြာခြင်း
အစီအစဉ်နှစ်အရ ကျောင်းအုပ်ကြီးမှ အမှာစကားပြောခြင်း
အစီအစဥ်သုံးအရ ပရဟိတအဖွဲ့ခေါင်းဆောင်မှ အမှတ်တရ ဝမ်းသာကြည်နူးကြောင်း ရင်ဖွင့်စကားပြောကြားခြင်း
အစီအစဥ်လေးအရ ကျောင်းသားများမှ အကများဖြင့် ဖျော်ဖြေကပြခြင်း
အစီအစဥ်ငါးအရ ပရဟိတ အကိုအမများမှ ကျောင်းအုပ်ကြီးအား လှုဒါန်းဖွယ်ပစ္စည်းများ လွှဲအပ်ခြင်း
အစီအစဥ်ခြောက်အရ အခမ်းအနားပြီးဆုံးကြောင်း ကြေငြာခြင်း တို့ပဲ​ဖြစ်ပါတယ်ရှင့်"

Fight For Our Silent LoveTahanan ng mga kuwento. Tumuklas ngayon