Part -7

946 78 11
                                    

"ဟာ အအေးပတ်တော့မှာပဲ lisaရာ လိုက်မှာသာလိုက်ခဲ့စမ်းပါ"ဆိုပြီး lisaလက်ကိုဆွဲ ပြီး Chaeyoung တစ်ယောက် သူ့အိမ်လေးရှိရာဆီ lisaလက်လေးဆွဲပြီး မိုးရေထဲပြေးလွှားသွားကြသည်

Chaeyoungတို့အိမ်ရောက်သောအခါ မိုးရေတွေက အိမ်ထဲထိတောင် အနည်းငယ်ဝင်နေပြီဖြစ်လို့ Chaeyoung အဖေက ရေတွေအပြင်ထွက်အောင် မြောင်းဖောက်နေသည်

"ဖေဖေ သမီးတို့ပြန်လာပြီ သူငယ်ချင်းရောပါလာတယ်"

"အေးအေး သမီးတို့အဆင်ပြေသလိုနေကြနော် ဖေဖေ ဒီမှာ လုပ်စရာလေးတွေမပြီးတတ်သေးလို့နော် chaeလေး"

"ဟုတ် ဖေဖေ"
Chaeyoung သူမအခန်းထဲက အက်ျီ၂စံုယူလာပြီး ထွက်လာသည်

"Lisa လာ နင့်ခေါင်း မခြောက်သေးဘူး ရေတွေစိုနေတာ ငါသုတ်ပေးမယ် "

"ရတယ် Chaeyoung ငါ့ဘာသာပဲ သုတ်လိုက်တော့မယ်"

"အော် ပြီးတာပဲ ရော့ ဒီမှာ တပတ်" Chaeyoung ပြောပြီး အက်ျီလဲရန် ကိုယ်ပေါ်မှမိုးရေစိုထားတဲ့အဝတ်စားတွေ ချွတ်ချလိုက်သည်

Lisaတစ်ယောက် ရုတ်တရက် အနောက်လည့်ကြည့်လိုက်ရာ Chaeyoung ရဲ့လှပတဲ့bodyလေးကိုမြင်လိုက်ပြီး အရှက်ကြီးကာ ရှေ့သို့ မျက်နှာကြီိးအမြန်လည့်လိုက်သည်

အချစ်ကအရမ်းကိုဆန်းကြယ်သလိုသိပ်ပြီး စိတ်ဝင်စားဖို့ ကောင်းလိုတယ်၊ မိသားစုကိုချစ်တဲ့အချစ်၊ သူငယ်ချင်းမိတ်ဆွေကိုချစ်တဲ့အချစ်၊ဆရာတပည့်တွေချစ်တဲ့အချစ်၊ချစ်သူရည်းစားချစ်တဲ့အချစ် အို သိပ်ကို အမျိုးစားများပြားလှတဲ့အချစ်ကြောင်းကို ရေတွက်ပြီးပြောကုန်မယ်မထင်ဘူး အဲ့လိုချစ်တဲ့အချစ်တွေကလည်း အမျိုးစားအလိုက် ခံစားရတာတွေ ကွဲ ပြားတတ်သေးတယ်

"Lisa ခေါင်းသုတ်ပြီးရင် အဝတ်စားလဲလေ ဘာလို့ငေးငေးကြီးရပ်နေတာလဲ အအေးပတ်လိမ့်မယ်"

"ဟိုဘက်လည့်ပေးအုံးလေ Chaeyoung 🙄 ငါအဝတ်စားလဲမလို့"

"ဟယ် မိန်းကလေးချင်းများ လာရှက်နေသေး😏 ဒါနဲ့ နင့်မျက်နှာက နီနေတာလား lisa"

"ဟမ် ဟုတ်လား 😶 "
Lisaလည်း ရှက်ရှက်နှင့်ပြောပြီး Chaeyoung နဲ့မျက်နှာချင်းမဆိုင်ရဲပဲ အကြည့်လွှဲကာ အဝတ်လဲလိုက်သည်

Fight For Our Silent LoveTempat cerita menjadi hidup. Temukan sekarang