Part -29

580 77 11
                                    

  ဒီနေ့တွေ့ဆုံခြင်းက စိတ်အနာဒဏ်ရာတွေရခဲ့မယ်မှန်းသိခဲ့ရင် ထိုကောင်မလေးနှစ်ယောက် တွေ့ဆုံကြလိမ့်မည်မဟုတ်
ဒီနေ့တွေ့ဆုံခြင်းကို သူတို့မုန်းနေကြလိမ့်မည်အမှန်

"သမီးရေ မသွားသေးဘူးလား "
"လီလီက လာမကြိုသေးဘူး မေမေ"

ဒီနေ့မှ လီလီက ခါတိုင်းအချိန်ထက်နောက်ကျနေသည် တခုခုများဖြစ်နေသလားလို့လည်း ယောင်းစိတ်ထဲ တွေးဆဆဖြစ်လာသည် လီလီလာရင် အသင့်ဖြစ်အောင် ကြိုပြင်ဆင်ထားတဲ့ယောင်းကဘဲ စောနေတယ်လို့စိတ်ကိုပြောင်းတွေးပြီး လီလီ ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းနေမိသည်

"ယောင်းရေ...ယောင်း"

ပြောရင်းဆိုရင်း အသက်ရှည်အုံးမယ်
အိမ်ရှေ့က လီလီအသံလေးကြားရမှ စိတ်ကအေးရတော့သည်

"အမလေး လီလီရယ်
ယောင်းက လီလီ ဒီနေ့လာပါအုံးမလားလို့တွေးနေတာ"

ယောင်းက လီလီကိုတွေ့တာနဲ့ ရွဲ့သလိုလိုလေး ခပ်စွာစွာ ရန်လုပ်သည်
ရန်စွာနေတဲ့ ယောင်းပုံစံလေးက အလွန်ကိုပင် ချစ်ရာကောင်းနေသည်
အူးယားလာကာ မနေနိုင်မထိုင်နိုင် ယောင်း ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်လိုက်သည်

"ဟာ ခေါင်းမကိုင်နဲ့ မကြိုက်ဘူး
လူကို ကလေးများမှတ်နေလား"

"စိတ်မဆိုးပါနဲ့ ယောင်းရယ်
လီလီ့စက်ဘီးပေါက်နေလို့ ပြင်နေလို့ ကြာသွားတာပါ"

အလျှောက်ကောင်းလို့ အထောင်းသက်သွားသော လီလီက စက်ဘီးလေးကို အားတက်သရော နင်းနေသည်

"ကဲ ရောက်ပါပြီ"
"Unnieဆီသွားအုံးမှာလား စာသင်ဝိုင်းပဲတန်းသွားမလား"
"စာသင်ဝိုင်းကိုဘဲ သွားကြစို့လေ ယောင်းရဲ့"

အဲ့လိုနဲ့ လီလီနဲ့အတူ စာသင်ဝိုင်းဆီသို့သွားလိုက်သည် စာသင်ဝိုင်းရောက်တော့ unnieကရောက်နေသည်
အတန်းချိန်နောက်ကျနေသည့် လီလီနဲ့ယောင်းကို ကလေးငယ်တချို့က ကြည့်နေကြသည်

"အော် လီလီနဲ့ချယ် ရောက်ပြီလား"
"ဟုတ် ချယ်တို့နောက်ကျသွားတယ်"
"ရပါတယ် အဲ့ဆို unnieအတန်းတွေကို ချယ်နဲ့လီလီဆီ လွဲထားခဲ့လိုက်မယ်နော်"
"ဟုတ် "

Fight For Our Silent LoveWhere stories live. Discover now