Part -20

739 67 18
                                        

နွေဦးရောက်စ လေရူးလေးတွေကလည်းတိုက်ခက်နေသည် ရွက်ဟောင်းတွေကြွေ၍ ရွက်သစ်တစ်ချို့လည်း ဝေနေကြလေပြီ

ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်
ချစ်ရတဲ့ ယောင်းကို ဒီနေ့နှုတ်ဆက်စကားပြောချင်သည်
သို့သော် ယောင်းရဲ့ ဥပက္ခာတွေရခဲ့ရင် ခံနိုင်ရည်တွေပျောက်ဆုံးပြီး အရင်နေ့ကလို ယောင်းရှေ့မှာ ပြိုလဲမိမှာငိုကြွေးမိမှာလည်းစိုးရိမ်တာကြောင့် ဘေးကနေသာ ယောင်းကိုငေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်

"လီလီ ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့နော်
စာတွေရပြီလား "

"မေမေရဲ့သမီးပါ
စာတွေက အေးဆေးပါ😁"

သမီးဖြစ်သူရဲ့အပြုံးကြောင့် ဒီကောင်မလေး စာတွေရနေပြီဆိုတာ ယုံလိုက်သည်
သမီးလေးက စာအရမ်းတော်တဲ့အထဲ မပါပေမယ့် စာအရမ်းဖျင်းတဲ့ထဲလည်းမပါဘူး သူ့ဘာသာသူတော့ ကြိုးစားရှာတယ် ပေးထားတဲ့စာတွေလည်း ပြီးအောင်လုပ်ရှာတယ်
အဲ့ကြောင့် သမီးကို အရမ်းကြီးချုပ်ချယ်မထားပဲ လွတ်လွတ်လပ်လပ်ပဲ နေခိုင်းထားသည်

"အေးပါ
စာဖြေပြီးရင် သူငယ်ချင်းတွေနဲ့လျှောက်လည်အုံးမှာလား သမီး"

" သေချာမပြောတတ်ဘူး မေမေရဲ့
ဒါမယ့် လီလီ မိုးမချုပ်ခင်ပြန်လာမှာပါ
စိတ်ပူမနေနဲ့နော် မေမေ"
"အေးအေး"

ကျောင်းဝန်းထဲက အရိပ်ရတဲ့သစ်ပင်တွေအောက်မှာ ကျောင်းသားများ စုဝေးနေကြပြီး လူတိုင်းကိုယ်စီ စာအုပ်လေးတွေကိုင်ကာ ပါးစပ်မှလည်း စာတွေပြန်နွေး ရွတ်ဆိုနေကြဟန်တူသည်

ရွှေအိုရောင်ဆံနွယ်တချို့ကို ခေါင်းစီးကွင်းအနီရောင်လေးတစ်ခုဖြင့် ချည်နှောင်ထားသည့် ကောင်မလေးတစ်ဦးအနားသို့ ကောင်မလေးတစ်ချို့ဝိုင်းအုံနေကြပြီး ထိုကောင်မလေးကို နှင်းဆီပန်းတွေ လက်ဆောင်ပေးနေကြသည်
နှင်းဆီတွေထက်လှပပြီးနူးညံ့လွန်းတဲ့ ထိုကောင်မလေးကို နာမည်လှလှလေး စိတ်ထဲမှာပေးလိုက်မိသည်
သူမနာမည် "rosè"
ဟုတ်တယ် ''roses are rosie"🌹
(Chae unnie ရဲ့ ig nameလေးပါ
Chae unnieရဲ့ ig first nameကိုကြည့်ဖူးလား မကြည့်ရသေးရင်ဝင်ကြည့်လိုက်နော်
အဲ့နာမည်ကိုကြည့်ရုံနဲ့ Lili unnie ကိုဘယ်လောက်ထိချစ်လဲသိနိုင်တယ်
သူ့ကောင်မလေးကို သိပ်ချစ်နိုင်လွန်းသူကြီး)

Fight For Our Silent LoveTempat cerita menjadi hidup. Temukan sekarang