Part -18

723 69 18
                                    

Unicode

ပတ်ဝန်းကျင်တစ်ခွင်ကလည်း တိတ်ဆိတ်နေသည်

"ဟဲ့ နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ ရန်ဖြစ်ထားတာလား"

အရင်ကဆို တပူးတွဲတွဲနဲ့နေတဲ့ ဒီနှစ်ယောက်က အခု စကားလည်းမပြောကြ တစ်ယောက်နှင့်တစ်ယောက် မသိသလိုနေ နေကြသည် ထို့ကြောင့် ဘေးကလူကိုပါ အနေခက်စေသည်

"ဟဲ့ ငါမေးနေတယ် ပြန်ဖြေကြအုံးလေ
တကယ်ရန်ဖြစ်ထားတာလား"

" ငါဗိုက်ဆာလို့ သွားနှင့်ပြီ ဂျင်"

ချယ်က လီဆာတို့နှင့်အတူထိုင်နေရာမှ ထသွားသည်

"လီဆာ နင်နဲ့ ချယ်နဲ့ ဘာဖြစ်ထားတာလဲ"

"ငါလည်း မသိတော့ပါဘူးဟာ
ယောင်းက ငါ့ကိုဘာစကားမှလည်းပြန်မပြောဘူးဟာ တကယ်စိတ်ညစ်တယ် "

ချယ်က အကြောင်းမရှိပဲ တော်ရုံတန်ရုံစိတ်မဆိုးတတ်တာ ဂျင် ကောင်းကောင်းသိသည်

"ချယ်က ဘာမှမဟုတ်ပဲနဲ့တော့ စိတ်ဆိုးမှာမဟုတ်ဘူး နင်သေချာစဥ်းစားကြည့်ပါအုံး လီဆာရယ်"

မနေ့က ယောင်းနဲ့ဖြစ်ခဲ့တာတွေထဲမှာ အခုလောက်ထိအခြေနေတင်းမာနိုင်တဲ့ အပြစ်မျိုးလည်း လီလီမလုပ်ခဲ့ပါဘူး ဘယ်လိုစဥ်းစားစဥ်းစား ယောင်း ဘာကိုမကျေနပ်တာလည်း မသိ။

" ငါသေချာစဥ်းစားတယ် ယောင်း ဘာကိုမကျေနပ်တာလည်းမသိဘူး"
"အဲ့တာဆို မနေ့က နင်နဲ့ချယ်နဲ့ ပြောခဲ့တဲ့စကားတွေပြောပြ ငါကူစဥ်းစားပေးမယ်"
"~~~~~~®©®©®###****"

"အဲ့တာတွေပဲ ဂျင်းနီ
အဲ့တာတွေဖြစ်ပြီးလို့ ခနနေမှ ငါ့ကို
လီလီကို ယောင်း မခင်ချင်တော့ဘူးတဲ့ဟာ"

လီဆာပြောပုံအရဆို ချယ်က လီလီအပေါ် သူငယ်ချင်းသံယောဇဥ်ထက်ပိုပြီး သဝန်တိုနေတာပဲ

"လီဆာ နင်ပြန်ချော့လိုက်ပါ
ချယ်က နင့်ကို အရမ်းခင်တာ
နင်က သူ့ကိုထားသွားပြီး တခြားသူကိုပိုခင်သွားမှာစိုးလို့ပါ ချယ့်စိတ်ကနားလည်ရခက်တယ် သူ့ကိုသွားချော့လိုက်ပါ လီဆာ"

ယောင်းရယ် လီလီကိုမယုံကြည်တာတော့စိတ်မကောင်းဖြစ်မိတယ် လီလီက ယောင်းတစ်ယောက်တည်းကိုပဲချစ်မိတာပါ

Fight For Our Silent LoveKde žijí příběhy. Začni objevovat