အခန်းငယ်လေးထဲတွင် ကျောင်းသား၊ကျောင်းသူတွေရဲ့ စကားပြောသံများက ဆူညံလျှက်၊ တချို့က အတန်းခုံများအပေါ် ကျော်လွှာကာ ဆော့ကစားနေကြသည်၊တချို့ကတော့ ဇာတ်ကားအကြောင်း ပြော၍ ရယ်မောနေကြသည်၊ သို့သော် အခန်းရဲ့နောက်ဆုံးအတန်းမှာ ငြိမ်သက်စွာ တစ်ယောက်တည်း စာအုပ်နဲ့မျက်စိကလည်းမခွာ ပါးစပ်ကလည်းအစားမပျက်ပဲ အလုပ်ရှုပ်နေသူမှာ Lalisaပင်ဖြစ်သည်။ဟုတ်ပါသည် Lalisa ဆိုသည်မှာ အိမ်မှာဆိုမျောက်ရှုံးအောင်ဆော့ပေမယ့် ကျောင်းရောက်ပြီဆိုတာနှင့် တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်သူ၊ အများရဲ့အမြင်မှာတော့ အရမ်းကိုမာနကြီးသူဟုထင်ရသည်၊အရမ်းကိုအသန့်ရှင်းကြိုက်သူဖြစ်ပြီး ဇီဇာကြောင်သူလည်းဖြစ်သည်။
"မဂ်လာပါဆရာမ၊ကြိုဆိုပါတယ်ဆရာမ....."ဟု ကျောင်းသား၊ကျောင်းသူတို့ရဲ့ နှုတ်ဆက်သံအဆုံး၌
"ကဲ မင်းတို့လည်း မနက်ဖြန်ဆို YGကျောင်းကို ပြောင်းရတော့မယ်၊ ဟိုမှာရှိတဲ့ ကျောင်းသား/သူတွေက အရမ်းကိုစာတော်ကြတာ၊ အထူးသဖြင့် Chaeyoungဆိုတဲ့ ကျောင်းသူက အရမ်းကိုစာတော်ပြီးထက်မြတ်တယ်၊ငယ်ငယ်လေးထဲက အဆင့်တစ်ပဲရခဲ့သူနော်၊ မင်းတို့လည်း သူတို့လို တော်အောင်ကြိုးစားကြပါ၊ငါ့ကိုအရှက်မခွဲကြနှင့်နော်"ဟု ကျောင်းသားများကို မှာကြားပြီး Jisooအတန်းထဲကထွက်လာခဲ့သည်။
"Jisooသည် YGကျောင်းတွင် တာဝန်ကျနေသော ဆရာမတစ်ဦးဖြစ်သည်၊Lalisaရဲ့အမဝမ်းကွဲတော်စပ်သူလည်းဖြစ်သည်၊Lalisaတို့အုပ်စုကို YGကျောင်းသို့မပြောင်းမီ နွေရာသီတွင် အိမ်တွင်ခေါ်ကာ စာကြိုကြည့်ခိုင်းထားခြင်းဖြစ်သည်။
At YG school
"ဟဲ့ ဒီနေ့ ငါတို့ကျောင်းကို ကျောင်းသားအသစ်တွေ ပြောင်းလာကြမှာတဲ့ဟ"ဟု အသံဆာဆာနှင့် jenny အော်ဟစ်အူမြူးနေသည်
Lisaကျောင်းအပ်ပြီး၍ အတန်းပိုင်ဆရာမမှ ထိုင်ရမည့်နေရာ လိုက်ပြပေးသည်၊ အတန်းထဲဝင်ကာရှိသေး စူးစမ်းနေသည့်မျက်လုံးများကြောင့် အနေခက်လှသည်
အတန်းထဲတွင် အရင်ရောက်နှင့်သော lisaသူငယ်ချင်းများက မသိမသာ လက်ယက်ခေါ်သည်ကို lisaတစ်ယောက်တွေ့လိုက်ရသည်မို့ သူ့သူငယ်ချင်းတွေနား နေရာယူကာ ထိုင်လိုက်သည်
![](https://img.wattpad.com/cover/253457955-288-k257823.jpg)
ESTÁS LEYENDO
Fight For Our Silent Love
RomanceBoth Zawgyi & Unicode First time Chaelisa fic for Chaelisa shippers ကိုယ်တိုင်ကလည်း Chaelisa shipper ဖြစ်တော့ Chaelisa ficတွေဖတ်ရရင်သိပ်ပျော်တာ ficတွေဖတ်တာများတော့ ficလေးရေးကြည့်ချင်စိတ်ပေါက်လာလို့ ပထမဆုံးအနေနဲ့ Chaelisa shipper လေးတွေအတွက်ရည်ရွယ်ပ...