Part -30

654 80 16
                                    

မကျဥ်းမကျယ် စာသင်ခန်းလေးထဲတွင် ကလေးငယ်များ ဆော့ကစားနေကြသည်
ကလေးတို့သဘာဝ မျောက်ရှုံးအောင် ဆော့ကြသည် တစ်ယောက်က ပါလာတဲ့မုန့်ကိုထုတ် နောက်ထပ်တစ်ယောက်ကလည်း သူ့ပါလာတဲ့မုန့်ကိုထုတ် သူထုတ်ကိုယ်ထုတ်နှင့် ရှေ့မှာချပြီး အတူတူမျှဝေစားနေတာကိုက မြင်ရသူတိုင်းရဲ့စိတ်ထဲတွင် ငယ်ဘဝကျောင်းတက်ခဲ့စဥ်ကိုအမှတ်ရအောင့်မေ့စေပြီး ကြည်နူးစေသည်

ဆော့ကစားနေကြသည့် ကလေးတွေနား လီလီနှင့်ယောင်းတို့ ​​ေလျှာက်လာခဲ့သည်
ယောင်းနှင့်အတူ ဘေးချင်းယှဥ်လျှောက်လာရသည်မှာ လီလီကို အနည်းငယ် ရင်ခုန်စေသည်
ယောင်းကတော့ ဟိုနေ့က လီလီ ယောင်းကိုတစ်ယောက်တည်းထားခဲ့ပြီး လီလီ့ဆရာမဆီသွားတာကို မကျေနပ်သေး
စိတ်ဆိုးနေတာမျိုးလည်းမဟုတ်
ယောင်းမျက်လုံးတွေက လီလီကို သူစိမ်းတစ်ယောက်ပမာ ကြည့်သည်
အရင်လို စကားတွေ ချိုချိုသာသာမဟုတ်တော့ဘဲ အေးစက်စက်ဖြင့်အရွဲ့တိုက်လာသည်
လီလီကို မရှိသလိုသဘောထားပြီး ဥက္ခာပြုလာသည်
လီလီ ဆရာမဆီကိုသွားပြီးနောက်တစ်ရက်ကစပြီး အရင်ကလီလီပေးထားသမျှ အမှတ်တရ ဘောပင် စာအုပ် အစရှိသည်တို့ကို တစ်နေ့ချင်း တစ်ယောက်ချင်းကိုတစ်ခုချင်း   ဆုအဖြစ် လီလီကို့အရွဲတိုက်ပြီး ကလေးငယ်တွေကို နေ့စဥ်ရက်ဆက် ပေးပစ်လိုက်သည်
လီလီမှာ ယောင်းလုပ်ပုံကို ရင်နာနာဖြင့်သာကြည့်နေရင်း ခိုးငိုခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါ

"ဆရာမတို့ ပန်ဖို့"

ကလေးငယ်လေးတွေက လီလီနဲ့ယောင်းကိုမြင်တော့ သူတို့အိမ်က ခူးဆွတ်လာသည့် ပန်းလေးတွေကို လာပေးရှာသည်
ကလေးငယ်တို့ပေးသည့်ပန်းလေးကို ယောင်းက သူမ၏နားကြားလေးမှာ အမြတ်တနိုးပန်ဆင်ထားသည်
အဖြူအနီအဝါ ရောက်သွေးစုံသော နှင်းဆီပန်းတို့သည် ယောင်း၏ အလှပတွင် ယစ်မူးကာ ခစားရင်း ဆံနွယ်တို့ဖြာကျနေသည့် နားကြားလေးတွင် ပုန်းဝပ်ကာနေသယောင်ရှိသည်
လီလီကလည်း အားကျမခံ နှင်းဆီဖြူလေးတွေကို ရင်ဘက်နားမှာ အပ်ချိပ်လေးနှင့်တွယ်လိုက်သည်
လီလီက ယောင်းလို နားကြားမှာပန်ဆင်ရမှာရှက်သဖြင့် အပ်ချိပ်လေးဆောင်ထားကာ ကလေးငယ်များပေးသည့်အခါ ဘယ်ဘက်ရင်အုံ နှလုံးသားတည့်တည့်တွင် ချိပ်လေးနှင့် ချိတ်တွယ်ထားလေ့ရှိသည်
လီလီက ယောင်းကို ပြုံးစစနှင့်ကြည့်၍ ပန်းလေးနှင့်လှနေကြောင်းပြောတော့ မျက်စောင်းထိုးကြည့်ပြီး တစ်ဖက်လှည့်သွားလေသည်
ယောင်း၏နားကြားကပန်းလေးတို့က လီလီနှလုံးသားတည့်တည့်က ပန်းတွေကို ခိုးကြည့်သွားသကဲ့သို့ ထင်ရသည်

Fight For Our Silent LoveWo Geschichten leben. Entdecke jetzt