."တစ်ခုခုတော့လွဲနေပြီ... ရှင်တို့ထင်သလိုမဟုတ်ဘူး!!! appa သူတို့ကိုဝိုင်းပြီးရှင်းပြပေးပါဦး.."
လက်နှစ်ဖက်ကို ငွေမျှင်ရောင်လက်ထိပ်တစ်ခုနဲ့ ရုတ်တရက်ခတ်ခြင်းခံလိုက်ရသည့်အချိန်မှာ ထိတ်လန့်မှုနဲ့အတူ အဖေဖြစ်သူကိုလှမ်းအကူအညီတောင်းနေမိသည်။ ရဲမေနှစ်ယောက်ဟာရှင်းပြတာကိုလုံးဝနားမထောင်ပဲ လူကိုအတင်းဆွဲခေါ်ဖို့သာကြိုးစားနေတာကြောင့် သူတို့နောက်ကိုလိုက်မသွားရဖို့အရေး အကျောက်အကန်ရုန်းကန်တော့..
"သူတို့နဲ့လိုက်သွားလိုက်ပါ Jen...
အဲ့ဒါကအကောင်းဆုံးဖြစ်လိမ့်မယ်..."အဖေဖြစ်သူ၏စကားမှာ အံ့ဩမှင်သက်ခဲ့ရသလို ဘာမှပြန်မပြောနိုင်လောက်အောင်ပင်ဆွံ့အသွားခဲ့ရသည်။
ရပ်ထားသည့်ရဲကားတစ်စီးပေါ်သို့ Jennie လိုက်ပါသွားတာကိုလက်ပိုက်ကြည့်နေခဲ့သည့် appa ကိုလည်ပြန်လှည့်ကြည့်ရင်း....
နွေဦးရဲ့မလှမပပုံပြင်လေးထဲမှာ
အရာအားလုံးဟာအကျဉ်းတန်နေခဲ့သော်ငြားလည်း
သူမကတော့ ခြွင်းချက်အဖြစ်တည်ရှိနေခဲ့ပါသည်..။...
"appa!!!..."
တရားစီရင်ခန်းထဲဝင်လာတော့ လူအများကြားထဲမှာအဖေဖြစ်သူကိုလှမ်းမြင်တာကြောင့် အားကိုးတကြီးခေါ်လိုက်မိသည်။ ခေါင်းကြီးငုံ့နေသည့်လူဟာ Jennie ကိုမျက်နှာချင်းပင်မဆိုင်ခဲ့။ သူ မဆိုင်ဝံ့တာပဲနေမှာပါ။
နောက်ထပ်လူတစ်ယောက်ဆီကို အကြည့်တို့ရောက်သွားတဲ့အခိုက်မှာ..."oppa!!.."
ဟုတ်ပါတယ်။ Jennie ရဲ့တစ်ဦးတည်းသောချစ်သူ ဂျရမီဆိုတဲ့အမျိုးသား။ Jennie ရဲ့အသံကိုကြား၍လားမသိ Jennie ရှိရာဆီကိုလှမ်းကြည့်လာသည်။
"Oppa!!!! Jen ဘာမှမသိဘူးဆိုတာ oppa သိတယ်မလားဟင်?? သူတို့ကိုရှင်းပြလိုက်လေ oppa..."
အနည်းငယ်အလှမ်းဝေးနေတာကြောင့် ကြားအောင်အော်ပြောတော့ "တရားခွင်မှာအော်ဟစ်ဆူပူခြင်း မပြုရ" ဆိုတဲ့ တရားသူကြီးရဲ့တစ်ချက်လွှတ်အမိန့်နဲ့ Jennie ဟာလဲငြိမ်သက်လိုက်ရသည်။
သူတို့ကအဖွဲ့အစည်းနဲ့မဟုတ်လား...။
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်